ပြီးပြည့်စုံတဲ့ ဘဝတဲ့လား (မြန်မာ)
ဘာတွေဖြစ်လာမလဲဆိုတာ မသေချာခဲ့ဘူးလေ
ငါ့ကို လွဲချော်မှု့ပေးတဲ့ ခဏမှာ
ဟန်ဆောင်ခြင်းအပြုံးတစ်ပွင့်ကို..ငါက ချွေချရမှာလားကွာ…
သူတို့ သိထားတဲ့ ငါက
လောကကြီးမှာ ပေါ့ပါးစွာနဲ့ပေါ့~
ပျော်ရွှင်ခြင်းရဲ့ အစွန်းတစ်ဖက်က
လျှို့ဝှက်ခြင်းတွေကိုတော့ ဘယ်သူမှ
ခံစားမိကြမှာ မဟုတ်ပါဘူး…။
ပြီးခဲ့တာတွေအားလုံးက
ဘာကိုမှ နောင်တရခဲ့စရာ မဟုတ်တာ
ငါ့မှာ…ရင်ဆိုင်ဖို့ ခွန်အားတွေ ရရှိခဲ့ပြီဘဲ
နင့် ငါ့ကို ချစ်လာပြီးတဲ့နောက်
ငါရှင်သန်ခဲ့တဲ့ ကမ္မာကြီးက
အရင်က သူမဟုတ်တော့သလို
လှပစွာ ဖူးပွင့်နေလိုက်ခဲ့လေရဲ့..။
ငါတို့အချစ်တွေ ရှင်သန်လာတာနဲ့အမျှ
နင် ငါ့ကို ချစ်သလောက်
အခုထိ နင့်ကို ငါပြန်မချစ်နေနိုင်သေးဘူးလေ
ကမ္မာမြေကြီးကို တိုင်တည်ပါတယ်
ငါရှင်သန်နေတဲ့အထိ
နင်နဲ့ငါ ဝေးကွာနေရပေမယ့်လည်း
နေ့ရက်တွေတိုင်းမှာ
နင့်ရဲ့နောက်က အရိပ်တစ်ခုလို
ငါ့စိတ်ဝိညာဉ်ရှိနေပါ့မယ်………။ ။
Comment #3
ကျေးဇူးဘဲ bro

Comment #5
ကျေးဇူးဘဲ ကိုလူမော်ငြိမ်း

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အစက အင်္ဂလိပ်လို ရေးထားတာပါ..
မြန်မာလို ဆီလျော်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး
ဘာသာပြန်ထားတာပါ.