အမုန်းဟူ သော ဂေါ်ဇီလာနှင့် ရင်ဆိုင်ခြင်း
ဝေးလွင့်ခြင်းရဲ့နံ ရံ
ကွဲ လွဲ နေတဲ့
ဒသန တွေရဲ့နောက်
မမြင်ရ တဲ့
ချစ်ခြင်းဆိုတဲ့
သော့တချောင်းရှိလေရဲ့
သတ်မှတ်ထားတဲ့
သင်္ကေတ တွေ ရဲ့ကြား
အပြင် မှာ ရော အတွင်းမှာပါ
ရောထွေး စွာ
နေထိုင်နိုင်တဲ့
ပါရာစိုက် လို့ခေါ်တဲ့
ကပ်ပါးကောင်….
လူတွေ ဆီက
သံယောဇဉ် တွေကိုချူ
မေတ္တာတွေ ကိုယူ ပြီး
ဒင်း က အမုန်းအဖြစ်
တဖြည်းဖြည်း
ကြီးထွားလာလေရဲ့
ထားပါလေ
ဒင်း က ပါရိုတို ဇွပဲ ဖြစ်ဖြစ်
ဂေါ် ဇီလာ ပဲ ဖြစ်ဖြစ်
ငါတာဝန် က …..
သူမကို သက်ဆုံးတိုင်ချစ်ဖို့ပါပဲ…။
Comment #2
har,,,,,,,,,,,,,,,
mike de kwar.
a yan kyike de.
but,,,,,,,,,,
r u sure love forever?

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးလိုက်တယ် မိုးကြီးလေကြီး…။