ღღ ငါ့ရဲ့အလွမ်း ღღ ( လူဆိုး )
ဒီအချိန်တွေမှာ
ချစ်သူအနားမှာ ကိုမရှိခဲ့ပါဘူး
ချစ်သူဘာတွေဖြစ်နေလဲ ကိုမသိခဲ့ပါဘူး
ချစ်သူ မငိုနေနဲ့နော်
ကြိုနေတဲ့ကို့ရင်ခွင်က ချစ်သူတစ်ယောက်တည်းအတွက်ပါ
ကိုတို့ခွဲခွာချင်လို့
အသဲနာခံပြီး
အဝေးမှာနေနေတာမှမဟုတ်ပဲ.. ချစ်သူ ..ღღ
မလွန်ဆန်နှိုင်လွန်းတဲ့
ကံတရားကြောင့်သာ
ကိုတို့ခွဲခွာနေရတာလေ ..ချစ်သူ .. ღღ
ကိုတို့နှစ်ယောက် ကမ္ဘာတစ်ဘက်စွန်းရောက်အောင်
ဝေးကွာနေပါစေ
ကို့မှာသာ ငှက်တွေလို တောင်ပံတွေရှိခဲ့ရင်
တောင်ပံခတ်သံအချက်တိုင်းမှာ
ချစ်ကိုလွမ်းတယ်ဆိုတဲ့ စကားသံတွေနဲ့အတူ
ချစ်သူရှိရာအရပ်ဆီမှာ
ကို့ရဲ့တောင်ပံခတ်သံတွေ
ပွတ်လောညံနေလောက်ပြီ ….ချစ်သူ..ღღ ( ဇင်မီမီချစ်အတွက် )
Comment #3
အိုး….ရှယ်ပဲအားပေးသွားပါတယ်။
By: poem.poem28 at Jun 29, 2011
Comment #7
hint..
hint,,
By: ei lay at Jul 27, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
I Liks This 🙂