ဖြစ်ချင်တာဖြစ် မောင်ဘချစ်
ဖြစ်ချင်တာတွေများနေတော့
ဖြစ်နိုင်တာတခုကို ငါမစဉ်းစားမိဘူး
ဖြစ်နေတာတွေကို ငါလက်မခံနိုင်တော့
ဖြစ်သင့်တာတွေကို ငါမစဉ်းစားမိတော့ဘူး
နေသလိုမဖြစ်တဲ့ ဘ၀မှာ
ဖြစ်သလို ငါနေလိုက်တယ်
ဖြစ်ချင်တာဖြစ် မောင်ဘချစ်
တကယ်ဖြစ်ချင် တကယ်လုပ်
အဟုတ်ဖြစ်ရမယ်
ကဲ.. မင်းကရော
ဘာဖြစ်ချင်တာလဲ
ငါ့နာမည် မောင်ဘချစ်……
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လမင်းပိုင် ဆို …. 🙂