show me how u (လမင်းပိုင်)
တချို့က သူတို့အလှကိုရောင်းချင်နေကြတယ်
တချို့က သူတို့အလှကိုဈေးကိုင်ထားကြတယ်
တချို့ကတော့ တန်ဖိုးထားကြတယ်
တချို့နေရာတွေမှာတော့ အသုံးတည့်ပါတယ်
တချို့နေရာတွေမှာ ကြောက်ဖို့ကောင်းတယ်
တချို့တွေ အတွက်လိုအပ်သလို
တချို့တွေ အတွက်ပိုနေတတ်ကြတယ်
တချို့တွေ အသုံးချတတ်တယ်
တချို့တွေ ချသုံးတတ်တယ်
တကယ်တော့ အလှစစ်ဆိုတာ
သူ့မျက်ဝန်းမှာမရှိဘူး
သူ့နှုတ်ခမ်းမှာမရှိဘူး
သူ့ရင်ထဲမှာဘဲ ရှိတာလေ
တချို့တွေကတော့ လိုက်ရှာနေတုန်း
တချို့တွေကတော့ တွေ့ပြီတဲ့
ငါ့ကိုပြောပါ
မင်းရဲ့အလှကဘယ်မှာလဲ
ငါ့ကိုပြပါ
မင်းဘယ်လောက်လှလို့လဲ
Comment #3
တချို့တွေ အသုံးချတတ်တယ်
တချို့တွေ ချသုံးတတ်တယ်
အားပေးသွားပါတယ်ကိုလမင်းပိုင်

Comment #5
ma ti bu lar?
ma tway bu lar?
hote tar pe,,a kaung a hte hma ma myin ya tar..
sate ta baw htar pop.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ငါ့ကိုပြောပါ
မင်းရဲ့အလှကဘယ်မှာလဲ
ငါ့ကိုပြပါ
မင်းဘယ်လောက်လှလို့လဲ..။
တော်တော်ပြောင်မြောက်တဲ့ လက်ရာလေးတစ်ခုပဲ….လမင်းပိုင်.။