ဘာတဲ့….ထာဝရသူငယ်ချင်း
ဘာတဲ့
ထာဝရသူငယ်ချင်း….
ငါ နားကြားများ လွဲမိသလား
ဒါမှမဟုတ်
ဒီလောကရဲ့ နေမင်း
နေရာများ ရွေ့သွားတာလား၊၊
နင် နောက်တာတော့
မဟုတ်လောက်ဘူး
ကျင်သွားတဲ့ ငါ့နှလုံးသားရဲ့
အချက်ပြမှုက
လမ်းဘေးမီးပွိုင့်ထက်တော့
သေချာမှု ရှိတယ်၊၊
ဒီတခါလည်း
လွဲပြန်ပြီလို့ ငါထပ်ပြောရင်
နင် ဟားပြန်အုံးမယ်၊၊
ဘာတဲ့….ထာဝရသူငယ်ချင်း
နင်ပြောထွက်လိုက်တာ အမှန်ပဲ
ဦးနှောက်ထဲက မီးနီတွေ
အတွဲလိုက် ငိုညည်းနေပြီ၊၊
ဒီမှာ….ခဏလောက်
အမှတ်မရှိတဲ့ ငမိုက်သားငါ
ထပ်ပြီးပြောမယ်
ရှုံးနိမ့်လို့ အဝေးပြေးတဲ့ထဲ
ငါမပါဘူး
အသည်းကွဲလို့
ရွှေရည်သောက်တဲ့ထဲ ငါမပါဘူး
အဲဒီ ငါက
နင့်ကို ဒီတသက်
လက်လွှတ်မယ့်သူလဲ မဟုတ်ဘူး၊၊
Comment #3
ဒီမှာ….ခဏလောက်
အမှတ်မရှိတဲ့ ငမိုက်သားငါ
ထပ်ပြီးပြောမယ်
ရှုံးနိမ့်လို့ အဝေးပြေးတဲ့ထဲ
ငါမပါဘူး
အသည်းကွဲလို့
ရွှေရည်သောက်တဲ့ထဲ ငါမပါဘူး
အဲဒီ ငါက
နင့်ကို ဒီတသက်
လက်လွှတ်မယ့်သူလဲ မဟုတ်ဘူး၊၊
Comment #5
ဘယ်လို လက်မလွတ်ဘူး ဟုတ်လား။
သနားပါတယ် နင်လက်မလွတ်လည်း သူကတော့ နင့်ကို လက်တွဲမှာ မဟုတ်ဘူး။
Comment #6
i like this simple poem so much.
Comment #7
မောင်လေး…ကောင်းတယ်ဗျ..အားပေးလိုက်တယ်
Comment #1
မိုက်တယ်…
“အဲဒီ ငါက
နင့်ကို ဒီတသက်
လက်လွှတ်မယ့်သူလဲ မဟုတ်ဘူး၊၊”