ထားရစ်ခဲ့မယ်
ထားရစ်ခဲ့မယ်
နားလည်ပေးရခြင်းတွေ ပယ်ချပြီး
နာကျဉ်းမှုတွေ သယ်ဆောင်ထားရင်းပေါ့……။
ထားရစ်ခဲ့မယ်
ငိုကြွေးမှုတွေ တစ်ခန်းရပ်ပြီး
ဘ၀ပေးတွေ ခံယူရင်းနဲ့ပေါ့……။
ထားရစ်ခဲ့မယ်
ရှုံးနိမ့်ခြင်းတွေ မေ့ဖျောက်ထားပြီး
ပြတ်သားမှုတစ်ခု ကိုယ်စားပြုရင်းနဲ့ပေါ့….။
ထားရစ်ခဲ့မယ်
တောင်းပန်ရခြင်းတွေ ဖြိုခွင်းပြီး
ခွင့်မလွတ်တတ်မှုကို လက်ကိုင်ထားရင်းနဲ့ပေါ့…..။
ထားရစ်ခဲ့မယ်
မဝေးရဲခြင်းကို ဆန့်ကျင်ပြီး
ခွဲခွာမှုအတွက် ပြင်ဆင်ရင်းနဲ့ပေါ့…..။
ထားရစ်ခဲ့မယ်
ချစ်ခြင်းတွေကို ရပ်တန့်စေပြီး
ရက်စက်ခြင်းဒဏ်ရာတွေ အမြဲသတိတရရှိရင်းနဲ့ပေါ့…..။
ငါ …..နင့်ကို
ထား ရစ် ခဲ့ မယ်……။
Comment #3
ထားရစ်ခဲ့မယ်
ချစ်ခြင်းတွေကို ရပ်တန့်စေပြီး
ရက်စက်ခြင်းဒဏ်ရာတွေ အမြဲသတိတရရှိရင်းနဲ့ပေါ့…..။
ငါ …..နင့်ကို
ထား ရစ် ခဲ့ မယ်……။

Comment #4
ထားရစ်ခဲ့မယ်
နားလည်ပေးရခြင်းတွေ ပယ်ချပြီး
နာကျဉ်းမှုတွေ သယ်ဆောင်ထားရင်းပေါ့……။
ထားရစ်ခဲ့မယ်
ငိုကြွေးမှုတွေ တစ်ခန်းရပ်ပြီး
ဘ၀ပေးတွေ ခံယူရင်းနဲ့ပေါ့……။
ထားရစ်ခဲ့မယ်
ရှုံးနိမ့်ခြင်းတွေ မေ့ဖျောက်ထားပြီး
ပြတ်သားမှုတစ်ခု ကိုယ်စားပြုရင်းနဲ့ပေါ့….။

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ပွင့်လွှာ…အရမ်းကိုကောင်းပါတယ်။
တော်တော်good တယ်။
ကျွန်တော့်ကွန်မန့်လေး ထားရစ်ခဲ့ပါတယ်။