မသိကိန်းတလုံးနောက် လိုက်မိနေသူ
လိုက်လေ ဝေးလေ
ဝေးလေ ဆွေးလေ
ဆွေးလေ တွေးလေ
တွေးလေ တွေးလေ
တွေးမရ….
မေးကြည့်လေ ဖြေကြည့်လေ
မေးမရ ဖြေမရ
မညှိနဲ့ မငြိနဲ့
အဖြေမရှိဘူး ပုစ္ဒာမရှိဘူး
ညီမျှခြင်းရဲ့
တဖက်စီမှာ ငါတို့နေခဲ့ကြတယ်
ငါ့ဘက်မှာတော့
အပေါင်း အနုတ် အမြှာက် အစားတွေနဲ့
ပဟေဋ္ဌိဆန်နေတယ်
ချစ်ခြင်းတရားက ငါ့ကိုလာပေါင်းပြီး
ကံတရားကငါ့ ကိုလာစားနေတယ်
ဘယ်တော့မှညီမှာလဲ
စင်စစ်တော့ နင်ဟာ
ကိန်းပြည့်တလုံးပါ
ဒါပေမဲ့
မသိကိန်းဖြစ်နေတယ်……..
Comment #2
ဒါဆိုလည်းအဖြေရအောင်တွက်ပေါ့….။မသိကိန်းနှစ်လုံးနဲ့ ညီမျှခြင်းနှစ်ကြောင်းလုပ်လိုက်ပေါ့…။ ဟိ..။

Comment #3
ဘယ်တော့မှညီမှာလဲ
စင်စစ်တော့ နင်ဟာ
ကိန်းပြည့်တလုံးပါ
ဒါပေမဲ့
မသိကိန်းဖြစ်နေတယ်……
အားပေးသွားပါတယ်။လမင်းပိုင်

Comment #4
အင်း ဟုတ်တယ်
မသိကိန်း၂လုံးဖြစ်ရမှာ
အားပေးကြလို့ကျေးဇူးပါ

Comment #5
ဟုတ်တယ်………လူတွေကတခါတလေမသိကိန်းနောက်ကိုလိုက်ပီး
အချိန်တွေကိုဖြုန်းတာ……….

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
🙂 အားပေးသွားတယ် …လမင်းပိုင်။။ 🙂