သုံညနဲ. စခဲ့တဲ့ ဘ၀…………..သုံညနဲ.ဆုံးမှာကြောက်တယ်…..
သုံည ကစခဲ့တဲ့ ဒီဘ၀……..
စခဲ့တဲ့ ဘ၀မှာဘဲ ကြုံတွေ.ခဲ့ရတဲ့ ဒုက္ခ…….
အချိန်တွေကို နောက်ပြန်ဆုတ်ပါစေလို.ငါမတောင်းဆိုချင်တော့ဘူး……..
တချိန်တုန်းက ရွှေထီးဆောင်းခဲ့တာ မမှတ်မိရင် သိပ်ကောင်းမှာဘဲ………
ဘ၀ကပေးလိုက်တဲ့ ခါးသီးမှုကို သင်ခန်းစာ အဖြစ်သင်ခဲ့ရတဲ့ငါ့ ဘ၀…….
အမြင့်ကကျတာ ပိုနာတယ်တဲ့ ၀န်ခံပါတယ်……..
အဆုံးမရှိတဲ့မမြင်ရတဲ့လမ်းတစ်ခုကိုငတ်မွတ်ခေါင်းစွာနဲ.မျှော်လင့်တစ်ကြီး……သွားနေစဲပါ…သွားနေစဲပါ……
အံကြိတ်ခဲ့ရလွန်းလို. တိုကုန်ပါပြီးငါ့ သွားတွေ………
အမိုးပြာပြာအောက်က အိမ်မှာ အတူညီမှုတွေနဲ. ရှင်သန်ခဲ့ရတဲ့ အနိမ့်အမြင့်ရေစီးချောင်း…
ဆုံးရှံးမှုတွေရင်မှာပိုက်လို. ငါဘ၀သမိုင်းစာအုပ် က စာရွက်တွေကို ဆက်လက်ရေးရအုံးမယ်……….
ငါသိခဲ့ရတာတော့ ဘ၀ဟာ သုံည သုံညဟာ ဘ၀ပါဘဲ သူငယ်ချင်းရေ မင်းက တစ်ရှိတယ်လို.ပြောရင်လဲ ငါလက်ခံရမှာဘဲလေ ဘာလို.လဲဆိုတော့ ငါဟာ သုံညတွေနဲ.ဘဲ တွေ.ခဲ့ရလို.ပါ…………
Comment #2
ငါသိခဲ့ရတာတော့ ဘ၀ဟာ သုံည သုံညဟာ ဘ၀ပါဘဲ သူငယ်ချင်းရေ မင်းက တစ်ရှိတယ်လို.ပြောရင်လဲ ငါလက်ခံရမှာဘဲလေ ဘာလို.လဲဆိုတော့ ငါဟာ သုံညတွေနဲ.ဘဲ တွေ.ခဲ့ရလို.ပါ…………
ကိုနရီထက်..အားပေးနေပါတယ်။

Comment #1
ဘ၀ကပေးလိုက်တဲ့ ခါးသီးမှုကို သင်ခန်းစာ အဖြစ်သင်ခဲ့ရတဲ့ငါ့ ဘ၀…….
အမြင့်ကကျတာ ပိုနာတယ်တဲ့ ၀န်ခံပါတယ်……..