ကိုယ်ချင်းစာတတ်ပါစေ
ဥပ္ခေကာဆိုတာ
သူစိမ်းတွေအတွက် လေပြေတစ်ချက်ပေမဲ့
ကိုယ့်ကို ချစ်တဲ့သူအတွက်တော့
မုန်တိုင်းပါပဲ
ခံစားဖူးသူသာ နားလည်တာမို့
ငါနှလုံးသားနဲ့ရင်းပြီးမှ
နားလည်ခဲ့ရတယ်။
တစ်ချို့ ကိစ္စတွေက
စိတ်အထင်မှာ အသေးအမွှားဆိုပေမဲ့
ကိုယ်တိုင်ကိုယ်ကျ
ခံစားဖူးမှ ခါးသီးမှန်းသိတယ်။
ဥပ္ခေကာဆိုတာ
မင်းကိုချစ်တဲ့သူတွေ အတွက် မဟုတ်ဘူး
မင်းကိုမုန်းတဲ့သူတွေ အတွက်ပါ
ခွဲခြားပြီး လိုအပ်သလိုသုံးတတ်ပါစေ။
ဒီစာကို မင်းဖတ်မိခဲ့ရင်
ရှေ့ဆက် မင်းဘဝမှာ
ချစ်တဲ့သူတွေကို
လျှစ်လျူမရှူမိပါစေနဲ့
အချိန်လွန်မှ သိတဲ့
ဆုံးရှုံးမှူဆိုတာ
ဘာနဲ့မှ မတူတတ်လို့ပါ ။ ။
*Snowflake*
02/07/11 ( UTC timezone 18:30 pm )
Comment #2
မိုက်တယ်း)
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #3
ဥပ္ခေကာဆိုတာ
သူစိမ်းတွေအတွက် လေပြေတစ်ချက်ပေမဲ့
ကိုယ့်ကို ချစ်တဲ့သူအတွက်တော့
မုန်တိုင်းပါပဲ
အားပေးသွားပါတယ်။
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Comment #4
oh……………
so much perfect.
i like so much.
![commentinfo](https://www.poemscorner.com/wp-content/themes/poemscorner/images/comment.png)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
“ကိုယ်တိုင်ကိုယ်ကျ
ခံစားဖူးမှ ခါးသီးမှန်းသိတယ်။”
အားပေးသွားပါတယ် Snowflake ရေ၊၊