မကောင်းတဲ့ ကဗျာ
ဝေဒနာ ကို အဖြေရှာ
မရေမရာ အသေချာ
ခံစားမိတယ် ရင်ထဲမှာ
တစ်ချက်လောက်တော့
လှည်.ကြည့်ပေးပါ……။
စိတ်ကူးထဲမှာ ၀င်ဝင်လာ
မောင်းထုတ်လို.မရပါ..
ဝင်လာရင် သံချောင်းခေါက်ပါ
ကြိုတင်ခါလေ ပြင်ဆင်မှာ
ဒါပေမဲ့ သူဝင်လာ အသံမပေးပါ………။
ဘ၀ကိုလေ အဖြေရှာ
တိုးတက်သွားတယ် ငါမပါ
ငါအဖြေဆက်လို.ရှာ
ကျန်ခဲ့ရတယ် ငါမသိပါ
ငါကတော့ ရှာနေစဲပါ………။
ကာရန် နဘေ ငါမသိပါ
ငါသိတာ ခံစားချက်ပါ
အလင်္ကာကို နားမလည်ပါ
ငါသိတာ အနုပညာ
မသိပေမဲ့ ဆက်လျှောက်နေမှာ……….။
အောင်မြင်မှု မကြုံဘူးပါ..
ဘယ်အချိန် ကြုံမလဲ
စောင့်နေမိတာ……..
စောင့်နေရင်နဲ.မောလို.သာ
ငါ့အသက် သင်္ချုင်း ကိုမျက်စောင်းထိုးလာ…
ဒါပေမဲ့ ငါရှာစဲပါ……။
နည်းနည်းလောက်တော့ အားပေးပါ…………
Comment #2
ကောင်းတယ်ညီလေး…..
အားပေးနေပါတယ်။ 🙂
Comment #1
စောင့်နေမိတာ……..
စောင့်နေရင်နဲ.မောလို.သာ
ငါ့အသက် သင်္ချုင်း ကိုမျက်စောင်းထိုးလာ…
ဒါပေမဲ့ ငါရှာစဲပါ……။
နည်းနည်းလောက်တော့ အားပေးပါ…………
အားပေးသွားပါတယ်။