နေကြွေလကြွေမော်ကွန်း
နေကြွေလကြွေမော်ကွန်း
ကဗျာဆရာတစ်ယောက်ရဲ့ 
ချစ်သူသက်ထားထံသို့
အန်ပျို့ တဲ့စကားလုံးတွေက
နှလုံးသားထဲကအရိုးသားဆုံးတွေပါပဲ
ဆတ်ဆတ်ထိမခံ
အချစ်ကိုတန်ဖိုးထားသူအတွက်
မပြတ်မလပ်ရက်စက်တဲ့
ခံစားချက်တွေပြန်ရခဲ့တယ်လေ
တကယ်တော့
ကြွေအံမူးမူး ကြယ်ရှူးတစ်စင်းလိုအလင်းမျိုးနဲ့
ချစ်ခဲ့မိတာပါ
ချစ်သူရေ
ကိုယ့်အတွက်
အရှင်းလင်းဆုံးနိဂုံးဆိုတာ
စကားလုံးမဲ့ ခွဲခွာခြင်းပဲလား
ချစ်ရသူရဲ့ 
ဖြူစင်တဲ့အပြုံးတစ်ချက်နဲ့တင်
ဟောသည့်ကောင်ရင်ထဲ
နေကြွေရဲ၊လကြွေရဲပါတယ်။
လူငယ်တစ်ယောက်ရဲ့ 
ကျောက်စာတစ်ချပ်မှာ
ပျောက်ကာမပျက်တဲ့
ပိတောက်ဝါတစ်ခက်က
နင်အတွက်ပါပဲ…နင့်အတွက်ပါပဲ
ကဗျာရနံ့တွေထစ်ချုန်းတဲ့
ရင်ခွင်ထက်မှာ
နေကြွေလကြွေမော်ကွန်းတစ်ခုအတွက်
ကောင်မလေးရေ
ခေတ်အဆက်ဆက်
ဝမ်းနည်းမနေနဲ့တော့
နတ်သမီးဆီမှာ ၀ါဖျော့ဖျော့
မျှော်လင့်ချက်ကို
မျှော်လင့်ရုံနဲ့တင်ဖြစ်ပါတယ်
မိုးသစ်လေပြည်
Comment #3
လူငယ်တစ်ယောက်ရဲ့ 
ကျောက်စာတစ်ချပ်မှာ
ပျောက်ကာမပျက်တဲ့
ပိတောက်ဝါတစ်ခက်က
နင်အတွက်ပါပဲ…နင့်အတွက်ပါပဲ
သိပ်မိုက်

Comment #4
အားပေးသွားတယ်ဗျ

Comment #6
ကဗျာရနံ့တွေထစ်ချုန်းတဲ့
ရင်ခွင်ထက်မှာ
နေကြွေလကြွေမော်ကွန်းတစ်ခုအတွက်
ကောင်မလေးရေ
ခေတ်အဆက်ဆက်
ဝမ်းနည်းမနေနဲ့တော့
နတ်သမီးဆီမှာ ၀ါဖျော့ဖျော့
မျှော်လင့်ချက်ကို
မျှော်လင့်ရုံနဲ့တင်ဖြစ်ပါတယ်
မိုက်တယ်ဗျာ….လန်းမြဲ..လန်းဆဲပါပဲ…အားပေးလျက်ပါ…။ 🙂

Comment #7
အားပေးသွားတဲ့သူအားလုံးကို ကျေးဇူးတင်လျက်ပါး)

Comment #1
ကဗျာဆရာတစ်ယောက်ရဲ့ 
ချစ်သူသက်ထားထံသို့
အန်ပျို့ တဲ့စကားလုံးတွေက
နှလုံးသားထဲကအရိုးသားဆုံးတွေပါပဲ
ဆတ်ဆတ်ထိမခံ
အချစ်ကိုတန်ဖိုးထားသူအတွက်
မပြတ်မလပ်ရက်စက်တဲ့
ခံစားချက်တွေပြန်ရခဲ့တယ်လေ
မိုးသစ်လေပြေအားပေးသွားပါတယ်။