လူရိုင်း
အလိုတူအလိုပါ အပြုံးလေးကို
မင်းမျက်လုံးမှာသေဆုံးသွားစေဖို.
၁၀၀ဒီဂရီ အနမ်းကို
မင်းနှုတ်ခမ်းမှာ ထိုးစိုက်ပစ်လိုက်မယ်။
အသက်၃၅တစ်ယောက်က
ဆယ်ကျော်သက်လေးလို ရင်မခုန်ဘူး
ရင်ခုန်ချင်ရင် မင်းပဲခုန်။
ငါ့မျက်လုံးတွေက
လက်ချောင်းတွေလို
မင်းရဲ. တင်းတင်းမို.မို.တွေမှာ တွားသွား
နှုတ်ခမ်းတွေ အက်ကွဲတဲ့ အထိခြောက်သွေ.လာ
ရေငတ်သလို ဆန္ဒထဲမှာ ငါပြာဖြစ်လုပြီ။
ကျားသစ်တစ်ကောင်လို
ပုခုံးတွေကိုကြုံ.ပစ်လိုက်မိ
ကျောရိုးတွေ တင်းတောင့်ခုံးထလာ
၁၅မိနစ်ကိစ္စဟာ
ငါ့သွေးမှာ တလှိုက်လှိုက်လောင်နေတာ သုံးနှစ်။
Comment #3
ကြမ်းလိုက်တာ……..

Comment #4
Sometimes, 15 minutes is not enough & our body cannot resist not more than 42 degree celsus. I don’t want to be kissed with this very hot thing. Kyate kyate!

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
15 မိနစ်..ကြောင့်လားဗျာ…လောင်ပလေ့စေ…ပိုးဖလံမျိုးတွေပဲ ..နော် အကိုရာ..။