မုသားရဲ့ နောက်က အမှန်တရား
ခွဲဝေခံစားခြင်းဆိုတာကို
ငါ….. နားလည်တယ်
ငါ့အတွက်ရယူပိုင်ဆိုင်ဖို့ဆိုတာ
မျှော်လင့်ခဲ့တဲ့ အရာမဟုတ်ဘူး…
မင်းနားလည်အောင်ပြောရရင်
မှတ်ထား……
ကမ္ဘာတစ်ခုလုံးကိုအလင်းပေးဖို့
လောကမှာ နေ တစ်စင်းပဲရှိတယ်…။
(ဘယ်လိုမှမပေးနိုင်ဘူး)
မျှတမှုတွေကိုလိုချင်တာအမှန်ပဲ
ငါ………..နားလည်တယ်
ငါက လိုချင်တာကို
ဦးစားပေသူမဟုတ်ဘူး
မင်းသိအောင်ပြောရရင်
မှတ်ထား…….
ပင်လယ်ရေကို မင်းတစ်ယောက်တည်း
ကုန်အောင်သောက်လို့မရဘူး…။
(ဘယ်တောမှခန်းမသွားဘူး)
ဒီလောက်တောင်မှ
မှန်တာတွေပြောတဲ့ ငါ့ပါးစပ်
ဘယ်အတွက်ကြောင့် ပိတ်ရမှာလဲ…
ငါ……နားလည်တယ်
“မုသားမပါ လင်္ကာမချော”ဆိုတာကို
ဒါပေမယ့် မင်းသိထားဖို့ပြောချင်တယ်
မှတ်ထား…….
လောကကိုလိမ်ညာတဲ့ သူဟာ
ဘယ်အခါမှမသာယာနိုင်ဘူး…။
(ငါလည်းဘယ်တော့မှလိမ်မပြောဘူး)
မုသားကင်းသော လူသားအဖြစ်နဲ့
ကိုယ့် ကိုယ်ကို ထုဆစ်မယ့်
တစ်ချိန်က အပြစ်ပြုမိသူ ……။ ။
ဇော်သက်ဦး
Comment #2
မုသားကင်းသော လူသားအဖြစ်နဲ့
ကိုယ့် ကိုယ်ကို ထုဆစ်မယ့်
တစ်ချိန်က အပြစ်ပြုမိသူ ……။ ။
ကြိုးစားပါ…..အားပေးနေပါတယ်…။
Comment #4
သည်တစ်ခါတော့ဟုတ်လှချည်လား အားပေးသွားပါတယ်
Comment #5
ဆကိပီးဖတ်ချင်ပါတယ်…………ဆက်ရေးပါ….
Comment #18
great,
try hard,
carry on,
Comment #1
ကဗျာအရမ်းကောင်းတရ်.. ဖတ်ရင်း မင်းခံစားချက်ကို
အမနားလည်သွားတရ်နော်မောင်လေး… တစ်ဖက်သား
ရင်ထဲထိပေးခဲ့တဲ့ကဗျာကောင်းလေးတစ်ခုပါ… အားပေးနေတရ်နော်မောင်လေး…