ရင်ဘတ်အကျဉ်းသား (၂) (မိုးထက်အောင်)
ရင်ဘတ်အကျဉ်းသား (၂)
လူကိုလမ်းကထမ်းပြီးပြန်တဲ့ည
ကြယ်မကြွေဘူး နှင်းမဝေဘူး
နတ်သမီးအမုန်းနဲ့  ဟောဒီ့ကောင်ရဲ့မျက်ရည်
(သုံးခွက် တစ်ခွက် ကျိုသောက်)
ူုအိမ်မက်ရွာမှာ တောမမှောက်ဘူး။
(ဒီလူနဲ့  ဒီအလွမ်း……)
ဒီကမ်းပေါ်က ပြုတ်ကျသေတယ်
(ဆင်ဆာမဖြတ်ကြပါနဲ့ )
ကျွန်တော်လူကြမ်းကို
ဇာတ်သိမ်းခန်းမှာ………..
……………………………………..
မင်းသမီးနဲ့  လွမ်းခွင့်ပေးစမ်းပါ။
ပါးပါးလေးခြားတဲ့အလွှာမှာ
ကောင်လေးက ကောင်မလေးကို မချစ်ရ
(ဒီဇာတ်လမ်းအတွက် အယူခံ)
နတ်သမီးခုံရုံးမှာ တစ်သက်လုံးပယ်တယ်
(အိမ်မက်ကြမ်းနဲ့  အလွမ်းဒဏ်)
တစ်သက် တစ်ကျွန်းကျခံစေ……..တဲ့။
(မူးသွားတာတော့မဟုတ်ဘူးဗျ……)
လူကိုလမ်းကထမ်းပြီးပြန်တဲ့ည
ကြယ်မကြွေဘူး နှင်းမဝေဘူး
(ဒီလူနဲ့  ဒီအလွမ်း…….)
ဒီကမ်းပေါ်က ပြုတ်ကျသေသွားတာ
ဘယ်သူမှ……..
မ…သိ….လိုက်…..ဘူး…….ဗျာ…….
…………………………………………………။
မိုးထက်အောင်
Comment #4
ဒီလူနဲ့  ဒီအလွမ်း……)
ဒီကမ်းပေါ်က ပြုတ်ကျသေတယ်
(ဆင်ဆာမဖြတ်ကြပါနဲ့ )
ကျွန်တော်လူကြမ်းကို
ဇာတ်သိမ်းခန်းမှာ………..
……………………………………..
မင်းသမီးနဲ့  လွမ်းခွင့်ပေးစမ်းပါ။
မိုးထက်အောင်အားပေးသွားပါတယ်။
Comment #6
ပျောက်နေပြန်ပီ ကိုမိုးထက်… ကဗျာလှလှလေးတွေနဲ့ ပြန်လာပါဦး..
Comment #1
ပါးပါးလေးခြားတဲ့အလွှာမှာ
ကောင်လေးက ကောင်မလေးကို မချစ်ရ
(ဒီဇာတ်လမ်းအတွက် အယူခံ)
နတ်သမီးခုံရုံးမှာ တစ်သက်လုံးပယ်တယ်
(အိမ်မက်ကြမ်းနဲ့  အလွမ်းဒဏ်)
တစ်သက် တစ်ကျွန်းကျခံစေ……..တဲ့။
ကိုမိုးထက်ကဗျာလေးတွေကို..အရမ်းကြိုက်ပါတယ်…ခင်ဗျာ……