ငါမငိုတော့ဘူး
မင်းကိုသတိရတိုင်း
ကဗျာတွေရေးမိတဲ့အခါ
ငါ့ရဲ့မျက်ဝန်းအိမ်က
မျက်ရည်တွေဟာ
ထိန်းမရအောင်
ကျဆင်းခဲ့ရတယ်
အခုတော့
ငါ့ရဲ့မျက်ရည်
ခမ်းခြောက်သွားပြီ
မင်းပေးခဲ့တဲ့
ဒဏ်ရာကလည်း
ကျက်သွားပြီ
နောင်ဆိုငါမငိုတော့ဘူး
အဲဒါတော့မင်းမှတ်ထားပါ
တစ်နေ့မှာ
မင်းလည်းငါ့လို
မဖြစ်ပါစေနဲ့လို့
ဆုတောင်းပေးနေပါတယ်။ ။
Comment #2
ဒီတရက်ပဲဝအောင်ငိုလိုက်နော်…
By: May Kha at Jul 8, 2011
Comment #3
hint……….
ma ya bu,
ma ya bu.
sate soe tone minutes lay pe ya tar.
p yin remember yaw,,ngo yaw.
By: eilay at Aug 4, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မငိုပါနဲ့ဗျာ…
အားပေးသွားပါတယ်။