မသိကျိုးကျွံများ
ရာသီတွေရဲ့ စည်းမရှိစီးဆင်းမှုမှာ
မိုးစက်တွေ ပရမ်းပတာရွာကျ
ကောင်းကင်က ဆုံးမမှု အားနည်းခဲ့တယ်…
ကလိမ်ကကျစ်မြို့မှာ
နေရာတစ်ခုကို မရိုးသားစွာရှာရင်း
ချစ်ခြင်းတရားတွေ တသက်စာမေ့ကျန်ခဲ့…
နာရီတွေကို မောင်းနှင်ဖို့ကြိုးစားရာက
ငါ့ကို သီတင်းပတ်တွေကရောင်းစား
ရှာမတွေ့နိုင်တော့တဲ့ အိပ်မက်တွေအခါခါရှိခဲ့ဖူးပြီ…
မြေပုံလမ်ညွှန်မဲ့တဲ့ လမ်း
စမ်းတ၀ါးဝါး ပြဌာန်းချက်တချို့နဲ့
နေ့ယောင်ဆောင်ထားတဲ့ ညတွေအကြောင်း
ကြုံခွင့်ပေါင်းလည်းများခဲ့ပြီ…..
တနေ့ထက်တနေ့
ပန်းလေးတစ်ပွင့်ကိုမေ့နိုင်ဖို့ ကြိုးစားရင်း
ချုပ်ရိုးတွေ တင်းတင်းလာလိုက်တာ
ခုဆို ရတုတစ်ခုမြောက်ခဲ့ပြီပဲ…
ကဲ ကံဖာတ်ဆရာရေ….
ကိုယ့်ကောင်းကင်ကို ပြန်မိုးပြီး
အိပ်မက်ကို အသက်သွင်းမယ်
ကဗျာနဲ့ ငြိမ်းချမ်းရေးမရနိုင်မှတော့
ကိုယ့်ကိုကိုယ် ဇစ်ဆွဲပြီး သူမကို ဒါနပြုလိုက်တော့မယ်….
Comment #3
ကဲ ကံဖာတ်ဆရာရေ….
ကိုယ့်ကောင်းကင်ကို ပြန်မိုးပြီး
အိပ်မက်ကို အသက်သွင်းမယ်
ကဗျာနဲ့ ငြိမ်းချမ်းရေးမရနိုင်မှတော့
ကိုယ့်ကိုကိုယ် ဇစ်ဆွဲပြီး သူမကို ဒါနပြုလိုက်တော့မယ်….
မိုက်တယ်……..အမြဲအားပေးလျှက်ပါ…..
Comment #4
ကဲ ကံဖာတ်ဆရာရေ….
ကိုယ့်ကောင်းကင်ကို ပြန်မိုးပြီး
အိပ်မက်ကို အသက်သွင်းမယ်
ကဗျာနဲ့ ငြိမ်းချမ်းရေးမရနိုင်မှတော့
ကိုယ့်ကိုကိုယ် ဇစ်ဆွဲပြီး သူမကို ဒါနပြုလိုက်တော့မယ်….
good တယ်ဗျအားပေးသွားပါတယ်။
Comment #5
မြေပုံလမ်ညွှန်မဲ့တဲ့ လမ်း
စမ်းတ၀ါးဝါး ပြဌာန်းချက်တချို့နဲ့
နေ့ယောင်ဆောင်ထားတဲ့ ညတွေအကြောင်း
ကြုံခွင့်ပေါင်းလည်းများခဲ့ပြီ…..
တနေ့ထက်တနေ့
ပန်းလေးတစ်ပွင့်ကိုမေ့နိုင်ဖို့ ကြိုးစားရင်း
ချုပ်ရိုးတွေ တင်းတင်းလာလိုက်တာ
ခုဆို ရတုတစ်ခုမြောက်ခဲ့ပြီပဲ…
ကဲ ကံဖာတ်ဆရာရေ….
ကိုယ့်ကောင်းကင်ကို ပြန်မိုးပြီး
အိပ်မက်ကို အသက်သွင်းမယ်
ကဗျာနဲ့ ငြိမ်းချမ်းရေးမရနိုင်မှတော့
ကိုယ့်ကိုကိုယ် ဇစ်ဆွဲပြီး သူမကို ဒါနပြုလိုက်တော့မယ်….
………………
ကြိုက်လို့အားပေးသွားတယ်
Comment #7
အတွေးအခေါ်တွေက မိုက်တယ်
Comment #1
ကဲ ကံဖာတ်ဆရာရေ….
ကိုယ့်ကောင်းကင်ကို ပြန်မိုးပြီး
အိပ်မက်ကို အသက်သွင်းမယ်
ကဗျာနဲ့ ငြိမ်းချမ်းရေးမရနိုင်မှတော့
ကိုယ့်ကိုကိုယ် ဇစ်ဆွဲပြီး သူမကို ဒါနပြုလိုက်တော့မယ်….။
ကောင်းတယ်ဗျိုး…..။ အားပေနေတယ်….။ 🙂