စိတ်၏ စေစားရာကို ကဗျာဖွဲ့ဆို
လွန်ဆွဲခဲ့ရတဲ့ အချစ်စစ်ပွဲ
မနွှဲချင်တာတောင် ဝင်နွှဲခဲ့တယ်..
တကယ်တော့ ငါနှလုံးသားက
အရှုံးသမားဖြစ်ဖို့မွေးဖွားခဲ့တာ ထင်ပါရဲ့…
ပြိုင်ပွဲတိုင်းကို နိုင်ပွဲမရခဲ့ဘူး….။
လူရှုပ်တဲ့ အချစ်မြို့ထဲမှာ
မျက်စိလည်သွားတယ် ဆိုရမှာပဲ
တကယ်တော့ ငါကိုယ်တိုင်
ဆန္ဒပါလို့သွားခဲ့တာ မှမဟုတ်ပဲ
နင်ဆွဲခေါ်ရာ ပါခဲ့ရတဲ့ ငါပါ…။
ငါပေးခဲ့တဲ့ မေတ္တာတွေကို
နင်အတုမှတ်ခဲ့ သလား…?
တကယ်တော့ နင်ကမှ
အတုအယောင်ပါ…
အာကာသထဲ ပစ်လွှတ်တဲ့
ဒုံးကျည်လိုပဲ
နင့်ကိုငါချစ်ခဲ့တာတွေလဲ
အခုတော့ ဆုံးပြီ…။
သစ်ရွက်ကြွေသံကိုတောင်
ခွေးဟောင်သံ အမှတ်နဲ့
ငါဒေါသထွက်ခဲ့တယ်ဆိုရင်
နင်ယုံမလား…? ၊
မယုံနဲ့….
နင့်ရဲ့ ယုံကြည်မှုကို
ငါမလိုချင်တော့ဘူး….။
ကမ္ဘာပေါ်မှာရပ် နေခဲ့ပေမယ့်
ငါ့စိတ်တွေက စင်္ကြာဝဠာ ထဲ
လွင့်မျောနေခဲ့တာ
နင့်နဲ့မတွေ့ဖြစ်တဲ့
အချိန်ကတည်းကပါ…။
တစ်ဖက်တည်းတီးလို့
မမြည်နိုင်မှန်းသိပေမယ့်
ငါရအောင် တီးခတ်ခဲ့တာပဲ
နင်မကြားဘူးဆိုတာ
ငါမယုံပါဘူး…
နင့်နားက
မကြားဘူးဆိုရင်တောင်
နင့်နှလုံးသားကတော့ ကြားမှာပါ…
ချစ်သူ….။
ဇော်သက်ဦး
Comment #8
တစ်ဖက်တည်းတီးလို့
မမြည်နိုင်မှန်းသိပေမယ့်
ငါရအောင် တီးခတ်ခဲ့တာပဲ
နင်မကြားဘူးဆိုတာ
ငါမယုံပါဘူး…
နင့်နားက
မကြားဘူးဆိုရင်တောင်
နင့်နှလုံးသားကတော့ ကြားမှာပါ…
ချစ်သူ….။
ကိုဇော်သက်ဦး..အားပေးသွားပါတယ်။
Comment #12
တစ်ဖက်တည်းတီးလို့
မမြည်နိုင်မှန်းသိပေမယ့်
ငါရအောင် တီးခတ်ခဲ့တာပဲ
နင်မကြားဘူးဆိုတာ
ငါမယုံပါဘူး…
နင့်နားက
မကြားဘူးဆိုရင်တောင်
နင့်နှလုံးသားကတော့ ကြားမှာပါ…
ချစ်သူ….။..
အားပေးသွားတယ်ဗျ..လက်တက်..လာတယ်…
Comment #13
လက်တက်လာတာတော့ အမှန်ဘဲဗျာ..
Comment #14
တစ်ဖက်တည်းတီးလို့
မမြည်နိုင်မှန်းသိပေမယ့်
ငါရအောင် တီးခတ်ခဲ့တာပဲ
နင်မကြားဘူးဆိုတာ
ငါမယုံပါဘူး…
နင့်နားက
မကြားဘူးဆိုရင်တောင်
နင့်နှလုံးသားကတော့ ကြားမှာပါ…
ချစ်သူ….။
ဒီကဗျာထဲက အစ်မအကြိုက်ဆုံးစာသားလေးပါ…
မင်းကဗျာတွေ အရမ်းကောင်းလာတရ်…. ကြိုးစားနော်မောင်လေး…..
Comment #1
တစ်ဖက်တည်းတီးလို့
မမြည်နိုင်မှန်းသိပေမယ့်
ငါရအောင် တီးခတ်ခဲ့တာပဲ
နင်မကြားဘူးဆိုတာ
ငါမယုံပါဘူး…
နင့်နားက
မကြားဘူးဆိုရင်တောင်
နင့်နှလုံးသားကတော့ ကြားမှာပါ…
ချစ်သူ….။