မေ့ပျောက်လိုက်ခြင်း
ပြောစရာစကားလုံးတွေရင်ထဲမှာအပြည့်ရှိပေမဲ့
မပြောဘဲချန်ထားတာ ဘာအတွက်လို့မင်းထင်လဲ
နင်အမြင်မှာငါဟာသွေးကြောင်သူ၊ အလေးမထားဘူးလို့ မင်းမြင်နေလား
ငါနားလည်ပါတယ်
ငါ့ကိုငါလည်းအပြစ်မတင်ပါဘူး
မင်းကိုလည်းအပြစ်မတင်ပါဘူး
တကယ်က ငါ့ရဲ့ကံကြမ္မာကိုဘဲ ယိုးမဲဖွဲ့ရမှာပါ
ငါမမှားခဲ့ဘူး၊
ဒါပေမဲ့………
မှန်အောင်လည်းမလုပ်နိုင်ခဲ့ဘူး
မျှော်လင့်ချက်တွေလည်း လက်ဆုပ်လက်ကိုင်မထားတော့ပါဘူး……..
မင်းကိုတော့မသေမချင်းငါ သတိရနေမှာပါ……….
★* 。 • ˚ ˚ ˛ ˚ ˛ •
•。★.★ 。* 。
° 。 ° ˛˚˛ * _Π_____*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門| ˚
Mr.Jugger
Comment #3
ကြိုက်သွားပြီး..ထပ်တူခံစားရတယ်အားပေးသွားပါတယ်။
By: poem.poem28 at Jul 8, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခံစားရတာတွေကို စီပြီးရေးထားတာပဲ…။ကောင်းပါတယ်…။ အားပေးလျက်ပါ…။ 🙂