မိုး
မိုးရယ်……….ဘယ်အငြိုးနဲ့ရွာတာလဲကွယ်
ငါအတွက်မျက်ရည်
မင်းအတွက်မိုးရေ
တိမ်တွေငိုတာမင်းမြင်ရက်တယ်နော်
မိုးရယ်……….ရင်တွေကွဲအက်
ပုတ်အက်အက်နဲ့
ဒီရင်ခွင်အစုံ
မိုးရေနဲ့ရောလို့
မင်းအတွက်စတေးရမှ
မင်းကျေနပ်ရင်
မိုးရယ် ……..မင်းအတွက်မိုးစက်က
တန်ဖိုးမရှိပေမယ့်
ငါ့အတွက်မျက်ရည်တစ်စက်က
ဘ၀တစ်ခုမို့
သဘာအမြင်က
အလှဆင်တတ်ရင်
မင်းလူတွေအတွက်
တန်ဖိုးရှိတဲ့မိုးတစ်စက်
အငြိုးတွေနဲ့မရွာနဲ့
မင်းအတွက်လူတွေဆုတောင်း
မိုးမကောင်းဘူးလို့ဘယ်သူတွေပြောလိုက်မလဲကွယ်။ ။
Comment #2
သဘာအမြင်က
အလှဆင်တတ်ရင်
မင်းလူတွေအတွက်
တန်ဖိုးရှိတဲ့မိုးတစ်စက်
အငြိုးတွေနဲ့မရွာနဲ့
မင်းအတွက်လူတွေဆုတောင်း
မိုးမကောင်းဘူးလို့ဘယ်သူတွေပြောလိုက်မလဲကွယ်။
Comment #1
တန်ဖိုးရှိတဲ့မိုးတစ်စက်
အငြိုးတွေနဲ့မရွာနဲ့
မင်းအတွက်လူတွေဆုတောင်း
မိုးမကောင်းဘူးလို့ဘယ်သူတွေပြောလိုက်မလဲကွယ်။ ။