အဖြူရောင်ကျိန်စာ
ရောင်စုံအိပ်မက်တွေပြန့်ကြဲလာတယ်
အထဲကနေ အစအနလေးတစ်ခုလွင့်ထွက်သွားပြီ
ငါတွေ့လိုက်ရချိန်
င့ါ ခံစားချက်တွေ ပြာလာတယ်….
ရင်ခုန်သံတွေဆူလာတယ်
နစ်မျောမှုတွေ တစ်စတစ်စနဲ့တိုးလာတယ်
မင်းဆီကမရနိုင်တဲ့…မင်းနှလုံးသားကို
ငါခိုးပြေးချင်တယ်
မင်းမေ့နေတဲ့ သတိရခြင်းတွေ
ငါ လွမ်းမိလာတယ်….
မှော်ဝင်နေတဲ့ မိန်းမောမှုတွေ
နောက်ဆုံးအချိန်ထိရှင်သန်ခွင့်တောင်းနေမိတယ်
ဒါပေမယ့်…….
မင်းရင်ခုန်သံတွေက င့ါကိုပယ်ချလိုက်သလိုပဲ
အေးစက်လွန်းလှပါတယ်
တစ်ကြိမ်တစ်ခါလေးတော့ နွေးထွေးပေးပါလား
င့ါစိတ်ဝိဥာဏ်အသက်မမဲ့ခင်ချိန်လေးထိပေါ့
စင်စစ် အဖြူရောင် သက်သက်တော့….ငါ့ရင်ခုန်သံတွေမရိုးသားနိုင်လို့ပါ
သူငယ်ချင်းခွင့်လွှတ်……….
ငါနင့်ကိုချစ်မိလို့
Comment #2
အရမ်းကောင်းတဲ့ ကဗျာလေးပါ ။ ခံစားအားပေးသွားပါတယ် ။
Comment #4
မှော်ဝင်နေတဲ့ မိန်းမောမှုတွေ
နောက်ဆုံးအချိန်ထိရှင်သန်ခွင့်တောင်းနေမိတယ်
ဒါပေမယ့်…….
မင်းရင်ခုန်သံတွေက င့ါကိုပယ်ချလိုက်သလိုပဲ
အေးစက်လွန်းလှပါတယ်
တစ်ကြိမ်တစ်ခါလေးတော့ နွေးထွေးပေးပါလား
င့ါစိတ်ဝိဥာဏ်အသက်မမဲ့ခင်ချိန်လေးထိပေ
Comment #5
wow,,
wow,,
good….good…
Comment #6
မင်းမေ့နေတဲ့ သတိရခြင်းတွေ
ငါ လွမ်းမိလာတယ်….
မှော်ဝင်နေတဲ့ မိန်းမောမှုတွေ
နောက်ဆုံးအချိန်ထိရှင်သန်ခွင့်တောင်းနေမိတယ်
gr8t
Comment #9
မင်းမေ့နေတဲ့ သတိရခြင်းတွေ
ငါ လွမ်းမိလာတယ်….
အားပေးသွားပါတယ်။
Comment #12
a yan kyike loh htet arr pay twar par d
Comment #13
so touching both title & poem
Comment #1
မင်းမေ့နေတဲ့ သတိရခြင်းတွေ
ငါ လွမ်းမိလာတယ်….
မှော်ဝင်နေတဲ့ မိန်းမောမှုတွေ
နောက်ဆုံးအချိန်ထိရှင်သန်ခွင့်တောင်းနေမိတယ်…
…..great