ဆန္ဒ
ဆန္ဒ
ငါသွက်သွက်ခါအောင်ရူးလိုက်လို့ရတယ်
ဘာမှမပြောပေမယ့် အဲ့ဒီဘာမှမပြောခြင်းကပဲ
နင့်ဆီကိုစကားလုံးများစွာရောက်လိမ့်မယ်
ခက်ခဲနေတာပဲကိုယ်ဘာသာကိုယ်လိုက်လိုက်လျောလျောမရှိခဲ့တာပဲလေ
ပြောစရာစကားလုံးတွေမလိုတော့ပါဘူး
ငြိမ်သက်ခြင်းဆီကပဲ နင်လိုချင်တာယူပါ
ဒဏ်ရာတွေမရှိတဲ့နေ့ဆို ချုပ်ရိုးတွေလည်းမရှိဘူးလေ
အဖြစ်အပျက်တွေထဲကနေ ငါအမြဲတမ်းရရှိတဲ့
ဒီကဗျာ ဒီအမာရွတ် ဒီပြန်လည်းဖြည့်တင်းမှု့တွေထဲ
နင်ဆိုတာက အမြဲရှိနေတယ်
ငါ…စနေနေ့ဖြစ်ခွင့်ရှိမလား…။
မြေနံ့
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဆန္ဒက.goodတယ်
အားပေးသွားပါတယ်။