လွမ်းတာကိုများအားကျလို့တဲ့လေ ( လူဆိုး )
ချစ်သူရေ …
ချစ်သူနဲ့အနေဝေးလို့ …. ဆွေးရတဲ့ကဗျာတွေ
ချစ်သူကိုတမ်းတလို့ …. လွမ်းရတဲ့ကဗျာတွေ
ချစ်သူနဲ့မတွေ့ရလို့ …. ကြေကွဲခဲ့ရတဲ့ကဗျာတွေ
ချစ်သူကိုလွမ်းလို့ …. ရေးခဲ့ရတဲ့ကဗျာတွေ
ချစ်သူကိုလွမ်းလို့ …. မျက်ရည်ကျရင်းရေးခဲ့ရတဲ့ကဗျာတွေ
တစ်ခဏတာတော့ …. သဘောကျစရာ ( အလွမ်းပြေစရာ ) လေးတွေပေါ့
ဒါပေမဲ့ …. အလွမ်းတွေမုန်တိုင်းလိုပြင်းထန်လာတဲ့အခါ
ဝမ်းနည်းစရာကောင်းလာတယ် …. ချစ်သူ
ချစ်သူရဲ့အပြုံးလောက် …. ဘယ်အရာကမှ
ကို့ရဲ့အလွမ်းတွေကို .. ဖြေဖျောက်မပေးနှိုင်ပါဘူး
အလွမ်းတွေကြာ …….
အဆွေးတွေကြာ …….
တမ်းတတာတွေကြာ ……
ကြေကွဲရတာတွေကြာ …….
တွေ့ချင်စိတ်တွေများလာတဲ့အခါ …
သနားစရာကောင်းတာကလွဲရင်
ဘယ်မှာများအားကျစရာရှိမလဲနော် …… ချစ်သူရယ် ..
မှတ်ချက် ။( လူဆိုးချစ်တာကိုပဲအားကျပါ လွမ်းတာကိုတော့အားမကျပါနဲ့ )
Comment #2
အလွမ်းတွေကြာ …….
အဆွေးတွေကြာ …….
တမ်းတတာတွေကြာ ……
ကြေကွဲရတာတွေကြာ …….
တွေ့ချင်စိတ်တွေများလာတဲ့အခါ …
သနားစရာကောင်းတာကလွဲရင်
ဘယ်မှာများအားကျစရာရှိမလဲနော် …… ချစ်သူရယ် ..
အားပေးသွားပါတယ်။
Comment #6
lovesick
ကျောင်းပြီးခဲ့တဲ့ ရက်တွေမှာ
အခြေအနေမပေးလို့ တယောက်နဲ့ တယောက်ဝေးကြရပေမယ့်
ရင်ထဲမှာအမြဲရှိနေခဲ့သူ တယောက်တည်းပါ
ဇွန်၊ ဇူလိုင်ရဲ့အလွမ်းမိုးတွေထဲမှာ
တယောက်တည်း ငိုရင်း
အရှင်ဘုရားကတောင် ဘွဲ့ထူးပေးထားရတဲ့
အချစ်ရူးမလေး lovesick ပါ……….
Comment #1