ရိတ်သိမ်းသူ
ရင်းနှီးမှု့ကိုပျိုးပီး
သံယောဇဉ်ကို ရိတ်သိမ်းခဲ့သူ….
သံယောဇဉ်ကို ပျိုးပီး
သမုဒယကိုရိတ်သိမ်းခဲ့သူ…..
သမုဒယကိုပျိုးပီး
ချစ်ခြင်းကိုရိတ်သိမ်းခဲ့သူ….
ချစ်ခြင်းကိုပျိုးပီး
စွန့်လွှတ်ခြင်းကို ရိတ်သိမ်းခဲ့သူ…
စွန့်လွှတ်ခြင်းကိုပျိုးပြီးမှ …
လွမ်းဆွတ်ခြင်းကိုရိတ်သိမ်းရမှာ
ကြောက်တတ်သူ….
ပန်းလှလှဝေတဲ့အပင်မဖြစ်ရရင်နေပါ…
သူမ တောင်တန်းက ချုံလေးတစ်ခု
ဖြစ်လိုက်ချင်တဲံ….
ဆန္ဒကိုပျိုးရင်း
သောကကိုပဲရိတ်သိမ်းနေသူပါ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဆန္ဒကိုပျိုးရင်း
သောကကိုပဲရိတ်သိမ်းနေသူပါ။