ေဗဒါလမ္း (၂၅) – စုန္တစ္ခါ ဆန္တစ္လွည့္ (ေဇာ္ဂ်ီ)
မေဗဒါေသာင္စပ္က၊ ေလွာင္တတ္ေပေလး။
က်ဴ႐ိုးသီ ပီပီတရားကို၊ ၾကားခ်င္တဲ့ေလး။
ေလွာင္ရက္ေပ့ မေဗဒါ။
ပီပီမွာ မယ့္စကားေၾကာင့္ နား႐ွက္မိပါ။
ေခ်ာင္းတစ္ေလွ်ာက္ ေရာက္ေလရာ၊ ေဗဒါလဲ့စိတ္စြဲ။
ေခ်ာင္နပန္းရယ္နဲ႕
အဟမ္းသံ က်မ္းသံေႏွာ၊ ေဟာလိုက္ခ်င္လဲ။
ေဟာမယ္လို႕ ၾကံလိုက္လွ်င္။
ငါ့ပီပီ ျမည္မရ၊ အ ခဲ့ အခင္။
တက္ေရနဲ႕ သက္ေရယဥ္၊ တသြင္သြင္အလွ။
ဘုတ္မၿပီတီတီနဲ႕
တအီအီ ဘယ္ဆီက၊ ေငးမိခါမွ။
ျမည္ၿပီတဲ့သီၿပီ။
ေခ်ာင္းသာယာ လတာေဘးက၊ ေတးေကာက္ခဲ့ၿပီ။
ဒီေခ်ာင္းက ေဗဒါရီရယ္၊ ဒီေရကိုႀကိဳကြဲ႕။
စုန္တစ္ခါ ဆန္တစ္လွည့္၊ ေတးသံခ်ိဳနဲ႕။ ။
ေဇာ္ဂ်ီ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဗေဒါလမ်း (၂၅)
မဗေဒါသောင်စပ်က၊ လှောင်တတ်ပေလေး။
ကျူရိုးသီ ပီပီတရားကို၊ ကြားချင်တဲ့လေး။
လှောင်ရက်ပေ့ မဗေဒါ။
ပီပီမှာ မယ့်စကားကြောင့် နားရှက်မိပါ။
ချောင်းတလျှောက် ရောက်လေရာ၊ ဗေဒါလဲ့စိတ်စွဲ။
ချောင်နပန်းရယ်နဲ့
အဟမ်းသံ ကျမ်းသံနှော၊ ဟောလိုက်ချင်လဲ။
ဟောမယ်လို့ ကြံလိုက်ယင်။
ငါ့ပီပီ မြည်မရ၊ အ ခဲ့ အခင်။
တက်ရေနဲ့ သက်ရေယဉ်၊ တသွင်သွင် အလှ။
ဘုတ်မ ပြီတီတီနဲ့
တအီအီ ဘယ်ဆီက၊ ငေးမိခါမှ။
မြည်ပြီတဲ့ သီပြီ။
ချောင်းသာယာ လတာဘေးက၊ တေးကောက်ခဲ့ပြီ။
ဒီချောင်းက ဗေဒါရီရယ်၊ ဒီရေကိုကြိုကွဲ့။
စုန်တခါ ဆန်တလှည့်၊ တေးသံချိုနဲ့။ ။ (ဇော်ဂျီ)
ဒီကဗျာကို ကူးတင်သူတွေက မူရင်းကဗျာကို အမှန်အတိုင်းမဖတ်တတ်ကြပါ။ သူငယ်တန်းပြန်တက်ရမယ်။
ဒေါက်တာတင့်ဆွေ