က ခ တွေနဲ့ အိမ်အပြန် ကဗျာ
“ က ခ တွေနဲ့ အိမ်အပြန် ကဗျာ ”
က နေရတာ မောလှပါပြီ
ခ နိုးခနဲ့ မျက်လုံးများအတွက်
ဂ ဏန်းတွေလို ကန့်လန့်တိုက်ချင်နေတော့
င ( ငါ့ ) ကို ထားခဲ့ကြပါ။
စ ကတည်းက လွဲနေတာကို
ဆ ရာလုပ်ရင် ပြုံးပြချင်သား
ဇ မရှိရင် ဗလရှိလည်း အလုပ်မဖြစ်ပါဘူး
ည ဆိုတာ မှောင်နေတာချည်းပဲလို့ မင်း ယုံသလား။
တ တိုင်းရနေရင်
ထ ပြီးတောင် ဆုမတောင်းဘူး
ဒ ယိမ်းဒယိုင် ဝမ်းတထွာအတွက်
န နေတဲ့ ဘဝကိုလည်း အပြစ်မတင်ရက်ပြန်ဘူး။
ပ ထမ မှ မရရင်
ဖ ယောင်းတိုင်လိုလည်း မကျင့်တတ်
ဘ ဝင်လေဟပ်တဲ့ အသံနဲ့
မ တရားမှုကို ပါးနပ်မှုလို့ နှုတ်ခမ်းမွှေးဆွဲ ပေးလိုက်တယ်။
ယ နေ့ နေသာ၏
ရ သမျှ သိက္ခာတွေ ထုတ်လှန်းပါ
လ သာချိန်မှာတော့
ဝ ကွပ်အပ်နိုင်အောင် အားမွေး သူငယ်ချင်း။
သ ပြေခက်လေး ကမ်းပေးရုံနဲ့
အောင်မြင်မှု ပိုင်ဆိုင်နိုင်လား
ဘီယာဆိုင်မှာ နေ့တိုင်း ကြားနေကြ
အောင်မြင်ပါစေ အောင်မြင်ပါစေ ……
အောင်မြင်ပါစေ အောင်မြင်ပါစေ …
ဟ ဒယဆေး တခွက် ဖြစ်ကောင်းဖြစ်မယ်
နားလည်ပေးပါ သူငယ်ချင်း
အခု …
ငါ ….
တကယ်
အိမ်ပြန်ချင်တယ် ….
အဲဒီ အိမ်ပြန်ချင်တာကိုလည်း
အောင်မြင်ချင်တယ်။
ချီရွန် ( ပုလဲ )
Comment #3
ကြိုက်တယ်ဗျား)
Comment #4
သ ပြေခက်လေး ကမ်းပေးရုံနဲ့
အောင်မြင်မှု ပိုင်ဆိုင်နိုင်လား
ဘီယာဆိုင်မှာ နေ့တိုင်း ကြားနေကြ
အောင်မြင်ပါစေ အောင်မြင်ပါစေ ……
အောင်မြင်ပါစေ အောင်မြင်ပါစေ …
ဟ ဒယဆေး တခွက် ဖြစ်ကောင်းဖြစ်မယ်
နားလည်ပေးပါ သူငယ်ချင်း
အခု …
ငါ ….
တကယ်
အိမ်ပြန်ချင်တယ် ….
အဲဒီ အိမ်ပြန်ချင်တာကိုလည်း
အောင်မြင်ချင်တယ်။…ကောင်းဗျာ
Comment #1
ကဗျာ..တစ်မျိုးလေးပဲ
အားပေးသွားပါတယ်။