ဗေဒါလမ်း (၂၇) – မင်းလိုက်လာစမ်း (ဇော်ဂျီ)
လတာမှာ ကြာ။
ဗေဒါအပြာဖူးနဲ့ ဒီဦးကိုလင့်။
တသသ ရယ်နဲ့။
ရေထမှာသူဆန်လို့
သူ့ဖူးတံပန်ချိန်သင့်၊ ချောင်းဖျားမှာပွင့်။
အပွင့်နဲ့ မဗေဒါ။
ချောင်းဝမှာမပြစား၊ ချောင်းဖျားမှာသာ။
မိုးဦးကျမျိုးချလာ၊ ကိုဟဝှာကြောင့်လေလား။
ကိုဟဝှာ တစ်ရွာသား၊ မင်းကြိုက်လို့လား။
အပွင့်နဲ့မဗေဒါ။
ချောင်းဝမှာမပြစား၊ ချောင်းဖျားမှာသာ။
ဆောင်းဦးပေါက် ကောက်ရွှေဝါ၊ မိုးစာကြောင့်လေလား။
မိုးနီလာမိုးစာဘေးမှာ၊ ငေးချင်လို့လား။
အိုအချင်းကျူရိုးဖေ။
မကြင်နာထင်ရာမေး၊ တွေးပါနဲ့လေ။
ဒီချောင်းက တက် သက်ရေ၊ ဗေဒါလဲ့ မယ့်လမ်း။
နောက်တရေ မေဆန်ခိုက်မှာ မင်းလိုက်လာစမ်း။ ။
ဇော်ဂျီ
Comment #2
အိုအချင်းကျူရိုးဖေ။
မကြင်နာထင်ရာမေး၊ တွေးပါနဲ့လေ။
ဒီချောင်းက တက် သက်ရေ၊ ဗေဒါလဲ့ မယ့်လမ်း။
နောက်တရေ မေဆန်ခိုက်မှာ မင်းလိုက်လာစမ်း။ ။
ဇော်ဂျီ
Comment #3
အရမ်းကြိုက်ပါတယ်။
Comment #4
ကဗျာကြီးတော့ ကျွန်တော်မဖြစ်နိုင်ပါဘူး
သို့ပေမဲ့
အနှစ်ရှိတဲ့ ဒီလို ကဗျာမိုးလေးတွေဖတ်ရတော့
ဘဝ ကိုနည်းနည်းတော့ဖြေသိပ်နိုင်တယ်
(ကျေးဇူးပါ)
အောက်ဇော်မင်း သုံးဆူး
Comment #1
လှလိုက်တဲ့ ကဗျာလေး…
ကျေးဇူးပါရှင်…