ပြီးဆုံးပြီလေ ( လူဆိုး )
ဟောဒီကျစိမ်းတစ်ခွက်တည်း
အလွမ်းဆိုတာကြီးကိုရာထည့် …
မျက်ရည်ခပ်ပျစ်ပျစ်နဲ့ရောမွှေရင်း
ဘယ်ဘက်ရင်အုံထဲကိုလောင်းချမိခဲ့တယ် …
အနားမှရှိနေမနေတဲ့ …
ချစ်သူရဲ့ဝိညဉ်တစ်စုံကိုလက်ယပ်ခေါ်ရင်း
မွတ်သိပ်မှုတမ်းတခြင်းတွေရဲ့အောက်မှာဒူးထောက်ခိုင်းခဲ့တယ် ..
သတိပေးနေတဲ့ ..
ရင်ခုန်သံကိုခတ်နာနာဖြတ်ရိုက်ရင်း
ဟတ်တက်ကွဲနေတဲ့ ဒီရင်ဘတ်ကြီးနဲ့
မနက်ဖြန်ဆိုတာကြီးကိုရင်ဆိုင်ပလိုက်မယ် …. ချစ်သူ
တကယ်တော့ ကိုဟာ …
ချစ်သူနင်းတက်မဲ့ ….. လမ်းခုလတ်မှာ
ငြမ်းတစ်ခုသက်သက်ပဲ ဖြစ်ချင်ခဲ့တာပါ ….
ခုတော့ …. ခုတော့ ….. ခုတော့
နွယ်မြက်တစ်ပင်လို ဖတ်တွယ်ထားချင်လည်းပဲ
မျှော်လင့်ဖို့ရင်မှာ ဆက်ပြီးမတွေးရဲတဲ့ ဘဝမို့လို့
ခန်းဆီးလိုက်ကာလေးကို ……… ချလိုက်ပါပြီလေ …..
မှတ်ချက် ။ သူငယ်ချင်းကွဲနေတဲ့အသည်းပြန်ဆက်ပါစေဗျာ …. 🙂
Comment #3
a sin ma pyay bu,
lone wa ma kaung bu,
naung ma yae ne naw,,
unlucky.
Comment #7
kaung bu….
kaung bu….
unhappy ending g.
ko lu soe always write happy feeling,faithfulness,believeness,sweet dream 4 his life,high-standard future plan, n so on…
all r happy ending with romantic thoughts.
so i want to encourage him to continue his way.
i don’t want both him and his gf suffer.
Comment #1
ရင်ခုန်သံကိုခတ်နာနာဖြတ်ရိုက်ရင်း
ဟတ်တက်ကွဲနေတဲ့ ဒီရင်ဘတ်ကြီးနဲ့
မနက်ဖြန်ဆိုတာကြီးကိုရင်ဆိုင်ပလိုက်မယ် …. ချစ်သူ..
လုပ်ထား လူဆိုးရေ…။