မုန်းတိုင်းပန်း…
မိုးညရက်ရှည်
ပျက်ကြွေပြီ အိပ်မက်ပန်းတို့
လွမ်းဖို့ ခက်ထွေ…
ရွက်ကြေတွေ မြေမှာခ
ကြာလှပြီထင်
ဘ၀င်မအေးနိုင်သေးပါဘူး
စိတ်ကူးမှာ ဆူးတွေဆူးလို့
အချစ်ရူးမှာ သောကလူးတယ်
မူးယစ်နာကျင်…
စာစဉ်ရရင်ဖြင့်
နှင်ဝံ့သူကိုပြစ်မယူပါ
အပင်မြင့်သူမှာ မိုးဒဏ်ခံစမြဲ
လေထဲမှာတောင် စွံ့ စွံ့ လန်းမယ်
လွမ်းအိပ်မက်ပန်း…။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service