ငါ့အချစ်တွေ နေရာထား မှားခဲ့မိတယ်……။
ဂရုမစိုက်တတ်တဲ့ နင့်ထံကိုမှ
နားလည်မှုစီးဝင်
တီတီတာတာ နင်မပြောတတ်ဘူးအထင်နဲ့
ငါကပဲ တစ်ဖတ်သတ် ကြင်နာခြင်းတွေ သွန်းဖြိုးခဲ့တယ်….။
နင် မလေးနက်ခဲ့တာကိုပဲ
ချစ်နေရက်နဲ့ စာမဖွဲ့တတ်တာပါလို့
အတင်းအကြပ် ငါယုံမှတ်
နင့် ရင်ထဲမှာ ငါပဲရှိနေတာပါလို့
ရင်ဘတ်ချင်းထပ်တူတွေးယူ
တစ်ဖက်သက်ဆန်စွာနဲ့လေ
အမှတ်တရတွေ ဖန်တီးပေးခဲ့တယ်….။
သ၀န်တိုမှုတွေ နင်လွန်ကဲနေကျ
အပြစ်မရမက ငါ့ဆီက နင်ရှာဖွေခဲ့လည်း
“ငါနဲ့ ဝေးမှာ ကြောက်လို့
နင် ပူပန်နေတယ် “လို့
ပြေရာပြေကြောင်းတွေး
နင့် စွပ်စွဲချက်တိုင်းအားလည်း မျက်ရည်နဲ့ရင်း
ငါ ဖြေရှင်းခဲ့တယ်…..။
ငါ သိပ်ချစ်သလို နင် အရမ်းချစ်မယ် အထင်နဲ့
ငါ့စိတ်နဲ့အတူ နင့်မျက်ဝန်းကိုပါ မြင်
သစ္စာတရားတွေ တူညီနေလိမ့်မယ်လို့
ယုံကြည်ခြင်းတွေ အပ်နှံ
ငါ့အချိန်တွေကို နင့်ကြောင့်ပဲ ကုန်ဆုံးစေခဲ့တယ်…။
အချစ်တွေစစ်ခဲ့လို့
မျှော်မှန်းမှုတွေ တပွေ့တပိုက်နဲ့
နင့်အနမ်းကလွဲ ဘာနဲ့မှ ငါ မလန်းချင်ခဲ့……
နင် စာနာမှုမဲ့စွာ ပြတ်ဆဲခဲ့တဲ့အခါ…..
နင့်ခွဲခွာခြင်းအတွက် ဆွံ့အနေသော
နှုတ်ခမ်းတစ်စုံက….
ညည်းချင်းတိုးတိုးလေး ရေရွတ်…….
အရင်တစ်ခါ…ငါ့အချစ်တွေ
နေရာထား မှားခဲ့မိတယ်……။
Comment #4
really nice,
but,,,,,,,
htin loh par.
a tway ma hmar par ne.
tay tay char char pyan kyi par ong lar.

Comment #5
huh,,,,,,,,,,,
huh,,,,,,,,,,,
huh,,,,,,,
da ke pe hmar ke p lar ma ti dot par bu,

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ်ဗျာ……
ကဗျာပုံစံလေးကောင်းတယ်။