ရင်ဘတ်မပါတဲ့လူ (မိုးထက်အောင်)
ဝး၀၀ ၀င်ချင်တယ်ဆိုလည်း လာဗျ
(ဒီကောင့်ရွာမှာ………)
မိုးခေါင်ရေရှားတယ်
တစ်နှစ်ပတ်လုံး နေပူတဲ့ဒဏ်
ခင်ဗျားနည်းနည်းတော့ခံရမယ်
ဝး၀၂ ဟိုး…..အဝေးကြီးက ဂြိုဟ်ရံလရေ
(ဒီကမ္ဘာကကောင်…..)
အလင်းနစ်တွေထိုင်တွက်မနေတော့ပါဘူး
(ရူပဗေဒမြစ်ဖျားမှာ……)
ပန်းသီးကိုက်ရင်း ဆိုမိတဲ့တေးသွား
နင့်ကမ္ဘာကကြားစေ…….
……………………………………………..
ဝး၀၄ မတန်မရာဆုတောင်း
လူကြားလို့ မကောင်းခဲ့ဘူး
ချွဲပျစ်ပျစ် တယောသံလေးရဲ့အဆုံး
(ကျွန်တော်……)
အရှုံးတွေနဲ့ ပဲ ရပ်ခဲ့တယ်
၀း၀၈ ဒီကမ ၻာ ဒီရြာ
(နင်……)
မလာခဲ့ချင်လည်းနေ
နွေမရှိ မိုးမရှိ ဆောင်းမရှိတဲ့ ကမ္ဘာ
(မွေးကတည်းက…..)
ရင်ဘတ်ပါမလာခဲ့ဘူးလို့ ပဲထားပါ
ဝး၁၆ လူ့ အသည်းနဲ့ လွမ်းခဲ့တဲ့သူ
(နေပူပူမှာ…..)
အိမ်မက်တွေအပူခံခဲ့တယ်
ကိုယ့်ကိုယ်ကိုထမ်းရင်းပြန်ခဲ့တဲ့လမ်း
ဘယ်ပန်းမှာ မပွင့်ခဲ့တာတော့အမှန်
ဝး၀၀ ဟိုး…..အဝေးကြီးကဂြိုဟ်ရံလရေ
ဝင်ချင်တယ်ဆိုလည်းလာဗျာ
နွေမရှိ မိုးမရှိ ဆောင်းမရှိတဲ့ ကမ္ဘာ
မိုးခေါင်ရေရှားတယ်……
…………………………………………………
(ကျွန်တော့်ကို……)
မွေးကတည်းက ရင်ဘတ်မပါဘူးလို့ ပဲထားလိုက်ပါလားဗျာ…….။ ။
မိုးထက်အောင်
Comment #5
လူ့ အသည်းနဲ့ လွမ်းခဲ့တဲ့သူ
(နေပူပူမှာ…..)
အိမ်မက်တွေအပူခံခဲ့တယ်
ကိုယ့်ကိုယ်ကိုထမ်းရင်းပြန်ခဲ့တဲ့လမ်း
ဘယ်ပန်းမှာ မပွင့်ခဲ့တာတော့အမှန်
Comment #6
တော်တော်ခံစားနေရပုံပဲနော်…အားပေးလျက်
Comment #7
လေးစားနေလျက်ပါ
Comment #8
သူငယ်ချင်းများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာ……. 🙂
Comment #10
လူ့ အသည်းနဲ့ လွမ်းခဲ့တဲ့သူ
(နေပူပူမှာ…..)
အိမ်မက်တွေအပူခံခဲ့တယ်
ကိုယ့်ကိုယ်ကိုထမ်းရင်းပြန်ခဲ့တဲ့လမ်း
ဘယ်ပန်းမှာ မပွင့်ခဲ့တာတော့အမှန်
Comment #1
လူ့ အသည်းနဲ့ လွမ်းခဲ့တဲ့သူ
(နေပူပူမှာ…..)
အိမ်မက်တွေအပူခံခဲ့တယ်
ကိုယ့်ကိုယ်ကိုထမ်းရင်းပြန်ခဲ့တဲ့လမ်း
ဘယ်ပန်းမှာ မပွင့်ခဲ့တာတော့အမှန်
…………………………….
အမြဲတမ်း…မျှော်လင့်အားပေးလျှက်ပါ…