ကမ်းနား သစ်ပင်
တစ်ချိန်ချိန်မှာ နင့်အတွက်ငါ . . .
တစ်ချိန်ချိန်မှာ နင့်အတွက်ငါ . . .
တောက်ပခွင့်ရခဲ့မယ်ဆိုရင်
ငါ့ တစ်ကိုယ်လုံး ပြာကျသွားပါစေ
ငါ လောက်မြိုက်ခံလိုက်မယ် . . .
တစ်ချိန်ချိန်မှာ နင့်အတွက်ငါ . . .
ကြယ်တစ်စင်းဖြစ်ခွင့်ရခဲ့မယ်ဆိုရင်
နင်စိတ်ထဲရှိရာကို ဆုတောင်းနိုင်ဖို့
ငါ့ဘ၀ကို တစ်ခါတည်း ကြွေသက်ပေးလိုက်မယ် . . .
တစ်ချိန်ချိန်မှာ နင့်အတွက်ငါ . . .
ပန်းတစ်ပွင့်ဖြစ်ခွင့်ရခဲ့မယ်ဆိုရင်
ညှိုးနွမ်းကြွေလွင့်မသွားခင်
နင်ပန်ဆင်လာမယ့် တဒင်္ဂလေးအတွက်
ငါ အစွမ်းကုန် လန်းဆန်းပေးလိုက်မယ် . . .
တစ်ချိန်ချိန်မှာ နင့်အတွက်ငါ . . .
သူရဲကောင်းဖြစ်ခွင့်ရခဲ့မယ်ဆိုရင်
ရင်ဝမှာ စိုက်ဝင်လာမယ့် မြားချက်တွေ
ဘယ်လောက်များပါစေ . .
ငါ အပြုံးမပျက် ဆွဲနှုတ်ပြလိုက်မယ် . . .
တစ်ချိန်ချိန်မှာ နင့်အတွက်ငါ . . .
ကျေးကျွန်တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်
နင်စေလိုရာခိုင်းနိုင်ဖို့
နင်ရဲ့ခြေတော်ရင်းမှာ ၀ပ်ဆင်းခစားရင်း
အဆင်သင့်ရှိနေလိုက်မယ် . . .
တစ်ချိန်ချိန်မှာ နင့်အတွက်ငါ . . .
ပေးဆပ်ခွင့်ရခဲ့မယ်ဆိုရင်
ငါ့ဘ၀တစ်ခုလုံး ချွတ်ခြုံကျသွားပါစေ
ငါကြည်ဖြူစွာနဲ့ ရက်ရောပေးလိုက်မယ် . . .
တစ်ချိန်ချိန်မှာ နင့်အတွက်ငါ . . .
ဘာမှအသုံးမ၀င်တော့ဘူးဆိုရင်တော့
ချစ်သူ . . .
နင် ကိုယ်တိုင်ပဲ ငါ့ကို . .
အမှိုက်တစ်စလို
စွ န့် ပ စ် ခဲ့ ပါ . . . ။ ။
သိုးမည်း(UCSM)
20.Mar.2011 10:38 PM
Comment #2
တစ်ချိန်ချိန်မှာ နင့်အတွက်ငါ . . .
ဘာမှအသုံးမ၀င်တော့ဘူးဆိုရင်တော့
ချစ်သူ . . .
နင် ကိုယ်တိုင်ပဲ ငါ့ကို . .
အမှိုက်တစ်စလို
စွ န့် ပ စ် ခဲ့ ပါ . . . ။ ။
ကဗျာတစ်ပုဒ်လုံးပေးဆပ်မှုတွေပဲ…ကြိုက်ပါတယ်။
အားပေးသွားတယ်။
Comment #3
ခံစားမှုကောင်းတယ်ဗျာ…..
အားပေးသွားပါတယ် ။
Comment #5
ta change change hmar …………………..
nin nga ye tan phoe ko nar le pay naing par say har,
Comment #6
အရမ်းကောင်းတယ်။
Comment #7
1 ke tar so yin be lout kaung like ma le?
Comment #1
တစ်ချိန်ချိန်မှာ နင့်အတွက်ငါ . . .
ဘာမှအသုံးမ၀င်တော့ဘူးဆိုရင်တော့
ချစ်သူ . . .
နင် ကိုယ်တိုင်ပဲ ငါ့ကို . .
အမှိုက်တစ်စလို
စွ န့် ပ စ် ခဲ့ ပါ . . . ။ ။