Professional Authors

နေရာလေး အလှည့် – နရီထက်

အမှားအမှန်ဆိုတာ အများသုံးပစ္စည်း မဟုတ်ပေမဲ့
ကိုယ်ကိုကိုယ်တိုင်လည်း ဆုံးဖြတ်ခွင့် မရှိကြဘူး
တစ်ခါတစ်လေ လှပတဲ့ အခန်းငယ်ထဲ ရောက်တတ်ကြသလို
တစ်ခါတစ်ခါ မှားယွင်းတတ်ကြတဲ့ လူကြီးမင်းရှေ့ ရောက်တတ်ကြတယ်

ခြောက်သွေ့လွန်းတဲ့ နေ့တွေမှာ
စိမ်းလန်းစိုပြေခွင့်သစ်ရွက်ကလေးတွေ ဖြစ်ခွင့်ရှိချင်ကြတယ်
မိုးရွာတဲ့အခါတိုင် ရေစက်ကလေးတွေ တင်ကျန်ချင်တယ်
မြူခိုးတွေ ပိတ်မှောင်တိုင် ပန်းနုရောင် နေခြည်နွေးနွေး ဆင်းသက်ချင်တယ်

နဖူးတစ်ဖျားသာခွင့် မရှိတဲ့အခါတိုင်း ဂျိုးတပ်ခွင့်ရှိချင်ကြတယ်
ပြသနာဆိုတာ ဗိုင်းရက်စ် တစ်မျိုးဆို…
သန်းပေါင်းများစွာသော လူသားတွေထဲမှာ
တစ်နေ့ တစ်မျိုး ကုထုံး အသစ်တွေနှင့်ပါ..

အရည်အချင်းဆိုတာ ပစ်မှတ်တစ်ခုဆို..
လူသစ်ဆိုတဲ့ ကျည်ကပ်တွေက အစားထိုးလဲလှယ်ခွင့်နှင့်ပါ
အကောင်းဆုံးဖြစ်ချင်တဲ့ စနစ်သစ်တွေထဲမှာ
နမိတ်ဟောင်းတွေက ဖြိုချပျက်စီးခံရစမြဲပါ
နောက်ဆုံးတော့ နင့် ဦးနှောက်က အလုပ်လုပ်ခဲ့ရတာပဲ မဟုတ်လား

မသိမသာ တရွေ့ရွေ့ လိပ်အပြုံးတွေက
ကြာလာတော့ သိုးရေတွေကျွတ်ကျလွင့်စွင့်လာတဲ့ ၀ံပုလွေတစ်ကောင်ပါ..
စကားနည်းလာတဲ့ သာလိကာ တစ်ကောင်က
ကြက်တူရွေးတစ်ကောင်ထက်တော့ ဥာဏ်များပြီးထားပါ..

နင် ဆောက်ခဲ့တဲ့စက်ရုံ …
သဘာဝတရားက ကြံ့ကြံ့ခံဖို့ အာမခံချက်ပေးမထားဘူး
နင် သွားနေတဲ့ နေရာတိုင်းမှာ ..
နင့်အိမ်လေးက လေလွင့် မရောက်ရှိနိုင်ဘူး။    ။

နရီထက်
( ၁၅ ၊ ဂျူလိုင်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Jul 15, 2011
Comment #1

ကိုနရီထက်..ကြိုက်တယ်။

commentinfo By: poem.poem28 at Jul 15, 2011
Comment #2

အားပေးသွားတယ်အကိုကြီးးးးးးးးးးး
အရမ်းကောင်းတယ်….

commentinfo By: myintmo at Jul 15, 2011
Comment #3

မသိမသာ တရွေ့ရွေ့ လိပ်အပြုံးတွေက
ကြာလာတော့ သိုးရေတွေကျွတ်ကျလွင့်စွင့်လာတဲ့ ၀ံပုလွေတစ်ကောင်ပါ..
စကားနည်းလာတဲ့ သာလိကာ တစ်ကောင်က
ကြက်တူရွေးတစ်ကောင်ထက်တော့ ဥာဏ်များပြီးထားပါ..

နင် ဆောက်ခဲ့တဲ့စက်ရုံ …
သဘာဝတရားက ကြံ့ကြံ့ခံဖို့ အာမခံချက်ပေးမထားဘူး
နင် သွားနေတဲ့ နေရာတိုင်းမှာ ..
နင့်အိမ်လေးက လေလွင့် မရောက်ရှိနိုင်ဘူး။ ။..ကိုနရီထက်..သိပ်မိုက်..တယ်ဗျာ

commentinfo By: အသဲကွဲမိုး at Jul 15, 2011
Comment #4

ကောင်းတယ် ကိုကြိး အစ အဆုံးအကုန် ရေးထားတာလေးတွေမိုက်တယ်။အကုန်လုံးလည်းကြိုက်တယ်။ ဒါမဲ့  ဒိအပှဒ်လေး ကတော့အမှားအမှန်ဆိုတာ အများသုံးပစ္စည်း မဟုတ်ပေမဲ့
ကိုယ်ကိုကိုယ်တိုင်လည်း ဆုံးဖြတ်ခွင့် မရှိကြဘူး
တစ်ခါတစ်လေ လှပတဲ့ အခန်းငယ်ထဲ ရောက်တတ်ကြသလို
တစ်ခါတစ်ခါ မှားယွင်းတတ်ကြတဲ့ လူကြီးမင်းရှေ့ ရောက်တတ်ကြတယ်

ခြောက်သွေ့လွန်းတဲ့ နေ့တွေမှာ
စိမ်းလန်းစိုပြေခွင့်သစ်ရွက်ကလေးတွေ ဖြစ်ခွင့်ရှိချင်ကြတယ်
မိုးရွာတဲ့အခါတိုင် ရေစက်ကလေးတွေ တင်ကျန်ချင်တယ်
မြူခိုးတွေ ပိတ်မှောင်တိုင် ပန်းနုရောင် နေခြည်နွေးနွေး ဆင်းသက်ချင်တယ်

နဖူးတစ်ဖျားသာခွင့် မရှိတဲ့အခါတိုင်း ဂျိုးတပ်ခွင့်ရှိချင်ကြတယ်
ပြသနာဆိုတာ ဗိုင်းရက်စ် တစ်မျိုးဆို…
သန်းပေါင်းများစွာသော လူသားတွေထဲမှာ
တစ်နေ့ တစ်မျိုး ကုထုံး အသစ်တွေနှင့်ပါ..အရည်အချင်းဆိုတာ ပစ်မှတ်တစ်ခုဆို..
လူသစ်ဆိုတဲ့ ကျည်ကပ်တွေက အစားထိုးလဲလှယ်ခွင့်နှင့်ပါ
အကောင်းဆုံးဖြစ်ချင်တဲ့ စနစ်သစ်တွေထဲမှာ
နမိတ်ဟောင်းတွေက ဖြိုချပျက်စီးခံရစမြဲပါ
နောက်ဆုံးတော့ နင့် ဦးနှောက်က အလုပ်လုပ်ခဲ့ရတာပဲ မဟုတ်လား တဲ့  ကြိုက်တယ် နော်ဒ

commentinfo By: thuya at Jul 15, 2011
Comment #5

အားပေးနေတယ် ကိုနရီထက်ရေ….။
ကျွန်တော် အစ်ကို့ရဲ့ ကဗျာတွေ မဖတ်ရတာတောင်အတော်ကြာပြီနော်….။
ကဗျာလေးကိုကြိုက်တယ် အစ်ကို…..။ 🙂

Comment #6

အားပေးကြတဲ့ ကဗျာ့ချစ်သူများအားလုံးကို ကျေးဇူးတင်ရှိသည်။

commentinfo By: Nayihtet at Jul 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment