အကြောင်းက ဆိုင်းမဆင့် ဗုံမဆင့် ဒေါ်ကုလားမ ရောက်လာတာက စတယ်။
ဟိုဘက်အခန်းက
ကြောင်ခံတွင်းပျက်ကြီးနဲ့
ဟိုဘက်လမ်းက
ဇရက်တောင်ပံကျိုးမလေးရဲ့ ဇာတ်လမ်းလေ
…………………………………………….
အဲဒီမှာစတွေ့တာပဲတဲ့..
ရပ်ကွက်ထဲက ပွဲစားဒေါ်ကုလားမက ပြောတယ်
ငါ့ကဗျာတွေလည်း အင်တာနက်ပေါ်မတင်ပဲ
ဒေါ်ကုလားမလျှာပေါ် တင်ပေးလိုက်ရင်ပိုကောင်းမလားပဲ
စကားလမ်းကြောင်းက ခဏ ခဏ လွဲတယ်
အဆင်ကို မပြေဘူး
ကံနိမ့်ရာ အကုသိုလ်တွေ အတုံးလိုက်အတစ်လိုက်လှိမ့်ဝင်လာ
၆လတော့မရဘူး ၁နှစ်စာ ချုပ်ရမယ်ဆိုပြန်တော့
မလှုပ်ရှားလို့မရတော့ဘူး
ကဲ ငယ်ကပေါင်းတဲ့
သူငယ်ချင်းကောင်း ယောက်ဖတို့ရေ
ငွေမထွက်တဲ့ဂါထာတွေသာ ရွတ်ဖတ်သရဇ္ဇယ်နေပေရော့
ငါလာပြီ။
Comment #2
လာပြီဆိုပြီး…..ပျောက်သွားတယ်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သူငယ်ချင်းကောင်း ယောက်ဖတို့ရေ
ငွေမထွက်တဲ့ဂါထာတွေသာ ရွတ်ဖတ်သရဇ္ဇယ်နေပေရော့
ငါလာပြီ။ချ ဗျာ