သော့ ……!
*** ရီဝေေ၀ အကြည့် တစ်ချက်နဲ့ 
ခပ်လက်လက် သူ့ အပြုံးတွေကို
စူးရှရှ ၀ိုင်တစ်ခွက်လို
ရူးမိုက်မိုက် ရင်ခုန်မိတာ
Romantic ဆန်ဆန် အချစ်တစ်ခုတဲ့ …
ဒါကို ကိုယ်လဲ မငြင်းလိုခဲ့ ပါဘူး
သဘာဝတရားရဲ့ သီအိုရီအရ
တို့  မိန်းမသားတွေရဲ့  နှလုံးသားက
Lock ချခံထားရတယ်လေ…..
ဖွင့် ရမယ့် သော့ က တို့ ဆီမှာမှမရှိဘဲ…..
ကံကိုသာအပြစ်ပုံချရင်း
နှလုံးသားရဲ့  အခန်းကျင်းလေးထဲ မှာ
သူ့ ’ သော့ အဖွင့် ကိုစောင့် ရင်း…..
သူ့ ’ အကြည့် မှာလွင့် မျောရင်း…..
သူ့ ’ အပြုံးတွေကိုရင်ခုန်ရင်း…..
Moon
18.6.2002
Comment #2
that’s the key point,
By: ei lay at Mar 15, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကဗျာကောင်းတယ်ဗျာ……