ဗေဒါလမ်း (၃၅) – ဗေဒါခင်အသိ (ဇော်ဂျီ)
တက်ပြန်ပေါ့ ဒီ၊ ဟီပြန်ပေါ့ ရေရိုင်း။
အောက်တခွင် ပင်လယ်ဝမှာ၊ ဝဲထလို့ဝိုင်း။
ရေရိုင်းက ထင်တိုင်းသာ။
ဒီတက်ချိန် နှိမ်မရ၊ ဒေါထလို့သာ။
ချောင်းပေါက်မှာ သူ မြောက်လာ
သူ မညှာ သူ မသနား။
ချောင်းတစ်ခွင် သူ ဝင်စ၊ ပြခဲ့သူ့အား။
သူ့အားကို ပြလိုက်ရုံ။
လတာပြင် ရေဝင်တိုး၊ ထိုးကြ ပလုံ။
စွန်ဆိတ်တို့ ထိတ်လို့တုန်
တောင်ခုန်လို့ မြောက်ပြေး။
ကျုရိုးရှင် အခင်သေး၊ ချောင်းဝမှာဆွေး။
မဆွေးနဲ့ ကျူရိုးရှင်။
အချိန်တန် ဒီမာန်ကျ၊ ချောင်းလှမြဲပင်။
ချောင်းတစ်လျှောက် ကောက်ကွေ့ဝင်
ဗေဒါပင်အသိ။
နောက်တစ်ချီ ဒီရေဦး၊ ဒီရူးချိန်ထိ။ ။
ဇော်ဂျီ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
Yes, nothing is consistant ,even everything is changing that we have to realize well…..