ဒီနေ့နောက်ဆုံး
ဟန်ဆောင်မနေပါနဲ့တော့
ငါယုံကြည်သမျှတွေကလည်း
ဒီနေ့နောက်ဆုံးပဲ………
တောင်းပန်မနေပါနဲ့တော့
ငါ့ရဲ့ခွင့်လွှတ်ခြင်းတွေကလည်း
ဒီနေ့နောက်ဆုံးပဲ………
နောက်ထပ်လည်းမဆက်သွယ်ပါနဲ့တော့
နင်နဲ့ငါရဲ့ပါတ်သတ်ခြင်းကလည်း
ဒီနေ့နောက်ဆုံးပဲ……….
သံသယတွေ၊စောင့်စားမှုတွေကြား
ငါ ဗျာများနေရတာ
ဒီလောက်ဆိုတော်ပြီ
နင်နဲံငါ နှစ်ဦးသဘောတူရေးခဲ့တဲ့
ဒီဇာတ်လမ်းက
ဒီနေ့နောက်ဆုံးပဲ……။ ။
Comment #2
ကျွန်တော် နဲ့ အရမ်းတိုက်ဆိုင်တယ်ဗျာ အားပေးသွားပါတယ် …..ကြိုက်တယ်
By: Thu yein at Jul 16, 2011
Comment #3
သံသယတွေ၊စောင့်စားမှုတွေကြား
ငါ ဗျာများနေရတာ
ဒီလောက်ဆိုတော်ပြီ
(ဘာပြောရမှန်း မသိအောင်ပါပဲဗျာ။ အရမ်းကောင်းပါတယ်…)
By: Htoo at Jul 16, 2011
Comment #4
ဟန်ဆောင်မနေပါနဲ့တော့
ငါယုံကြည်သမျှတွေကလည်း
ဒီနေ့နောက်ဆုံးပဲ………
ကြိုက်တယ်။အားပေးသွားပါတယ်။
By: maypoe at Jul 16, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အိုး…..တကယ်ပဲလားဗျာ
အားပေးသွားပါတယ်။