လွမ်းတဲ့….အရသာ
ရင်ခွင်တစ်ခု တည်ဆောက်တဲ့ အခါ
ဘယ်လိုတေးသွားတွေနဲ့ နားဆင်ရမလဲ
ရှက်သွေးဖြာနေတဲ့ လေညှင်း
နင်…ဖန်ဆင်းထားတဲ့  ဥယျဉ်တော်ထဲ
တိုးတိုးလျှလျှလေး ငါ.. ရစ်မူးခဲ့ တာပါ
နူးညံ့ခဲ့တယ်…
လှပခဲ့ပါတယ်….
အိပ်ချိန်လွန်ညတွေ များလာတဲ့အခါ
ရင်ခွင်ဝှက်ခံထားရတဲ့ ကဗျာတွေက
ရိုးရိုးသားသား ၀န်ခံကြတယ်…
မင်း..ကိုလွမ်းတယ်တဲ့….
ကဲ..ဘယ်လိုမျိုး သတိရစေမှာလဲကွယ်
အရှေ့မြို့ ရိုးမှာ မိုးတွေညိုနေပြီလေ…
တိမ်ခါးခါးတစ်ခွက်ရဲ့ အရသာမှာ
ငါ့ အတွက် ချယ်ရီရနံ့ တွေ သင်းပျံနေပါ့မလား…ချစ်သူ
ရှိစေတော့ကွယ်….
မင်း ရဲ့ အခြားသတိရခြင်းတွေ ဆွံ့ အတဲ့  အချိန်
ငါ့…တေးသွားလေးတွေ ၀င်ခွင့်ပြုပါ…..
Comment #4
အိပ်ချိန်လွန်ညတွေ များလာတဲ့အခါ
ရင်ခွင်ဝှက်ခံထားရတဲ့ ကဗျာတွေက
ရိုးရိုးသားသား ၀န်ခံကြတယ်…
မင်း..ကိုလွမ်းတယ်တဲ့…
Comment #7
ဘာကိုလွမ်း လို့ လွမ်းရမှန်း မသိပဲ လွမ်းချင်သွားတယ်။။
ကဗျာလေး ကောင်းတယ်
အိပ်ချိန်လွန်ညတွေ များလာတဲ့အခါ
ရင်ခွင်ဝှက်ခံထားရတဲ့ ကဗျာတွေက
ရိုးရိုးသားသား ၀န်ခံကြတယ်…
မင်း..ကိုလွမ်းတယ်တဲ့…
Comment #8
so simple & clear to understand well.
Comment #1
ကိုမင်းရသအားပေးသွားပါတယ်။