ပိတ်လိုက်ပါတော့ ( VZO ) ….( လူဆိုး )
ငိုနေတာလား
မငိုပါဘူး …
ချစ်သူအတွက်အပြုံးတစ်ပွင့်
ဖန်ဆင်းပေးနေတာပါ ….
ငိုနေတာလား
တကယ်ကိုမငိုခဲ့ပါဘူး …
ကို့ရင်ထဲမွန်းကျပ်နေအောင်
ခံစားရတဲ့ ခံစားချက်က
အလိုလိုစီးဆင်းလာတဲ့
မျက်ရည်တွေကို တားဆီးဖို့
ကို့ရဲ့ လက်တွေ ခွန်အားမဲ့နေပြီလေ … ချစ်သူ
နှလုံးသားတွေ
နာကျင်နေတာလား …
မနာကျင်ပါဘူး ( ဘယ်တော့မှ )
ချစ်သူအတွက် ကြည်နှုးနေတာပါ …
မငိုပါနဲ့ ….. ချစ်တဲ့သူရယ်
ချစ်ငိုနေတဲ့ မျက်ဝန်းတွေကို
ကို့မှာလေ …. ရင်ဆိုင်ဖို့
ခွန်အားဆိုတာ မရှိလို့ပါ …. ချစ်သူ
ကို့မျက်လုံးထဲ
အသေအချာတော့
စိုက်ကြည့်ပေးသွားပါ …. ချစ်သူ
မျက်လုံးဆိုတာ
နှလုံးသားရဲ့ “ ပြတင်းပေါက် ” တဲ့
ပြီးဆုံးပြီလား …
ကိုတို့ရဲ့ချစ်ခြင်းတွေ
ဘယ်တော့မှမပြီးဆုံးဘူး … ချစ်သူ
ကိုပေးခဲ့တဲ့ကတိအတိုင်းပေါ့နော် ….
ကိုရဲ့ရင်ခုန်သံတွေမရပ်သရွေ့
ချစ်ကိုပဲ ချစ်တစ်ယောက်ထဲကိုပဲ
ချစ်နေမှာပါ …..ချစ်သူ …
ပိတ်လိုက်တော့နော် ( VZO ) ….
Comment #3
wow,,,
sound great.
he,,he,,
i admire u.
Comment #1
အိုးးးးးးးးကောင်းလိုက်တာ
လူဆိုးလေးး..အားပေးသွားပါတယ်။