ပျော်ရာမှာနေလို့မဖြစ်တော့တဲ့အခါ
အဲသလိုလား အဲသလိုဆို
ပိုကီမွန်ကစားနေတဲ့ကလေးတွေရဲ့လေသံအတိုင်းပြောရင်တောင်
ကျွန်တော့်ကဗျာတွေဟာ ကတ်ပိန်းတွေချည်းပဲ ဆိုတဲ့
အနေအထား ဖြစ်နေပြီ ထင်။
ပျော်ရာမှာနေလို့မဖြစ်တော့တဲ့အခါ
အရင်ဆုံး ၀ါးလုံးခေါင်းထဲက လရောင်ကို သွန်တယ်
ကျွန်တော်ဆီကျွံလာတဲ့စာကြောင်းတွေကိုလည်း ခါထုတ်ပါတယ်
တခုတ်တရတွေချည်း ရွေးပြီး ရင်ဘတ်ထဲထည့်တယ်
တော်ရာဘက် ခြေဦးလှည့်တယ်
ငြိုငြင်သူ….. ရွှင်လန်းတော်မူ။
***ဒီကဗျာက ဒီsiteမှာ နောက်ဆုံးတင်တဲ့ ကဗျာပါ
မောင်တာကောရဲ့ကဗျာတွေကို သည်းခံဖတ်ပေးခဲ့ကြတဲ့
ရောင်းရင်းတွေကို ever ကျေးဇူးတင်လျက်..
much love,
tar kaww***
Comment #2
အမ်..ဦးလေးငါ့ကိုထားသွားပြီ :'(
Comment #3
ဦးလေး….က ပျော်ရာမှာမနေတော့ဘူးဆိုပြီး…ရက်ရက်စက်စက်ထွက်သွားတယ်
…………………………….
ဘာကိုမှသေသေချာချာမသိ…ရေရေရာရာမရှိပေမယ့်
တော်တော်ကိုသတိရတယ်ဗျာ
ကျွန်တော် သိပ်အများကြီးမပြောတတ်ဘူး…
ဘာပဲဖြစ်ဖြစ်
…….
ဦးဂျီး..ပျော်ပါစေ…
Comment #4
ဦးလေး..ကျွန်တော် ..online မလာဖြစ်လောက်တော့ဝူး…
ဒီ ဆိုဒ်ထဲလည်းကျွန်တော်.
လာဖြစ်မယ်မထင်တော့ဘူး
ဦးလေးအရိပ်အယောင် တချို့ အတွက်..ကျွန်တော် မျှော်နေမိပါသေးတယ်
………….
ဘာအရိပ်အယောင်မှ..လည်း..တွေ့ရပါဝူးဗျာ
………..
ထားပါတော့
ကျွန်တော်..အရမ်.း…အထီးကျန်တယ်ဗျာ…..
အများကြီး ..မပြောတတ်ဘူး…….
………………ကျွန်တော်….နေ..မပျော်..တော့ဘူး…ခင်ဗျားကိုတော့…အမြဲ သတိရနေတယ်ဆိုတာ
ယုံပါ။
..
ဒါပါပဲ…အထီးကျန်..ဒေါ်ဂျီး
..
ခင်ညားတယောက်..ပျော်ရွှင်ပါစေ
Comment #5
ကျွန်တော်လာလည်သွားပါတယ် ကျွန်တော့် acc ကျွန်တော် profile မှာရှိပါတယ်
ခင်ညား comment လေး စောင့်နေခဲ့တာကြာပါပြီဗျာ
အဲဒီ comment လေးအတွက် ကျွန်တော်..ရှိနေပါဦးမယ်…
ဒီနေရာ ခင်ညားမလာချင်မှန်းသိပါတယ်..ကျွန်တော့် အတ္တ ကိုရှေ့တန်းတင်မိတယ်ဗျာ…
ကျွန်တော် အားပေးနေပါတယ်
ခင်ညားရေးတဲ့ site ရှိရင် ကျွန်တော်လိုက်အားပေးချင်ပါတယ်
ကျွန်တော့် မေးလ် လေး အပ်ပြီး message လေးတွေထားခဲ့တာ ပိုအဆင်ပြေမယ်ထင်ပါတယ်
ခင်ညားကိုကျွန်တော်..သတိရနေပါတယ်အမြဲတမ်းပေါ့
……………………
ကျွန်တော့် ဦးဂျီးပျော်ရွှင်ပါစေ…..
Comment #1
အားပေးသွားတယ်ဗျာ
ပိုကီမွန်း တကယ်ဆော့လို့ ကောင်းပါတယ်ဗျာ….
ဆက်ဆော့ပါ။