ချစ်သောသူအတွက် …. ( လူဆိုး )
ရင်နှင့်ခံစား ကို့အချစ်များစွာနဲ့
တစ်ဘဝစာမို့ ပြင်မရလေပြီ
ချစ်သူအပြုံး ပြန်မြင်ယောင်လို့
နှလုံးသားထဲမှ ဤကဗျာကို
တူညီတွဲလျက် ကိုရေးစပ်ခဲ့ …. ချစ်သောသူ အတွက်
တူညီစွာခံစား ချစ်သူရဲ့အနား
ဖွင့်ဟနှုတ်ဖျား ခွန်းချိုစကား
တစ်သက်စာသိမ်းထားချင်တယ်
အနက်ရှိုင်းဆုံး နှလုံးသားထဲဝယ်
ရာသက်ပန်ခိုင်မြဲ မယိမ်းယိုင်ပဲ
အထပ်ထပ်ရစ်ချည် သံယောဇဉ်ကြိုးတစ်မျှင်ကို
တူညီတွဲလျက် ကိုရေးစပ်ခဲ့ …. ချစ်သောသူ အတွက်
အကြည့်တစ်ချက် ရင်မှာစိုက်လျက်
အချစ်ခြင်းဖလှယ် အတူပြန်ဆုံချိန်ကိုမျှော်လို့
တို့နှစ်ဦးနားလည် မုသားမပါ ချစ်ကဗျာကို
တူညီတွဲလျက် ကိုရေးစပ်ခဲ့ …. ချစ်သောသူ အတွက်
Comment #3
hin….
taw taw chwe tat tar pe naw.
ma htin ya bu.
he,,he,,
By: ei lay at Jul 27, 2011
Comment #5
အင်း ..မဆိုးပါဘူး။
By: သက်ထား at Aug 7, 2011
Comment #7
😛
😛
😛
By: ei lay at Sep 8, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လူဆိုးတို့ကတော့ လုပ်ချလိုက်ပြန်ပြီ…..။