ကိုယ်စား
လွမ်းငွေ့ဝေသည်
နွေရာသီတွင်း ၊ချစ်ဖော်ချင်းနှင့်
ကွေကွင်းခဲ့ရလျင်သောကြောင့်။
တမ်းတဖွေသည်
ငွေလွှာဖြူစွ၊ လက်ရေးလှကို
စွန်းစတွေ့လိုချင်သောကြောင့်။
ချမ်းမြေ့ပြေသည်
ဖြေဖွယ်မဆုံး၊ စာတစ်လုံးကို
ချိုပြုံးကိုယ်စား မြင်သောကြောင့်..။ ။
မင်းသုဝဏ်(မြန်မာသက္ကရာဇ်-၁၂၉၃)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တမ်းတဖွေသည်
ငွေလွှာဖြူစွ၊ လက်ရေးလှကို
စွန်းစတွေ့လိုချင်သောကြောင့်။