ခွင့်မသာ
မကြင်သာသည်၊ ခင်ပါလျက်လည်း
ပင်ထက်လျှံဝင်း၊ ဇင်ငွေမင်းသို့
ကြူသင်းဝေသီမြင့်သောကြောင့်။
မတမ်းသာသည်၊ လွမ်းပါလျက်လည်း
မိုးထက်ရောင်ဖုံး၊ လတနှုန်းသို့
ချိုပြုံးဝေသီမြင့်သောကြောင့်။
မခေါ်သာသည်၊ မျှော်ပါလျက်လည်း
တောင်တက်ငွေသွေး၊ နှင်းမြူဖွေးသို့
ကြည်အေးဝေသီမြင့်သောကြောင့်…။ ။
မင်းသုဝဏ်(မြန်မာသက္ကရာဇ်-၁၂၉၄)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မကြင်သာသည်၊ ခင်ပါလျက်လည်း
ပင်ထက်လျှံဝင်း၊ ဇင်ငွေမင်းသို့
ကြူသင်းဝေသီမြင့်သောကြောင့်။
မတမ်းသာသည်၊ လွမ်းပါလျက်လည်း
မိုးထက်ရောင်ဖုံး၊ လတနှုန်းသို့
ချိုပြုံးဝေသီမြင့်သောကြောင့်။
မခေါ်သာသည်၊ မျှော်ပါလျက်လည်း
တောင်တက်ငွေသွေး၊ နှင်းမြူဖွေးသို့
ကြည်အေးဝေသီမြင့်သောကြောင့်…။ ။