လှောင်အိမ်မဟုတ်တဲ့ ကောင်းကင် (Kitty Yang)
ငါ့အသက်ရှုလမ်းကြောင်း
ဂျီးပိတ်ဆို့နေသလား
ဝင်သက်ထွက်သက်တွေတော့
ဝင်သာထွက်သာရှိပါရဲ့..။
ဘာဓာတ်တွေ
ငါ့ကိုချုပ်နှောင်ထားလဲ
ပြသာနာတောကြီး
ငါ့ကိုလာမပြပါနဲ့။
ငါ့မှာအဲဒါတွေအတွက်
ခံနိုင်ရည်မရှိသေးဘူး။
ဟိုး….မှာ တွေ့လား
အကာအရံတွေကင်းတဲ့ကောင်းကင်
လှောင်အိမ်ထဲက ငါ့ကို
မြူစွယ်လို့နေရဲ့..။
“လာပါ.. အကျယ်ကြီးပါ..
လာပျံသန်းလိုက်စမ်းပါ”
လှောင်ရယ်နေတာလား
တကယ်ပဲ ဖိတ်ခေါ်နေတာလား..
ဘာပဲဖြစ်ဖြစ် အဲဒီ့ကောင်းကင်ကို
ငါမက်မောတယ်။
15th September 2008
Comment #3
so touching

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းတယ်ဗျာ…..
ဟိုး….မှာ တွေ့လား
အကာအရံတွေကင်းတဲ့ကောင်းကင်
လှောင်အိမ်ထဲက ငါ့ကို
မြူစွယ်လို့နေရဲ့..။
“လာပါ.. အကျယ်ကြီးပါ..
လာပျံသန်းလိုက်စမ်းပါ”
လှောင်ရယ်နေတာလား
အဲနေရာလေးက မျက်လုံးထဲ လုံးဝပေါ်တယ်ဗျာ