မရေမရာ အခင်းအကျင်း။
မရေမရာ အခင်းအကျင်း။
မျဉ်းကြောင်းထက် ရပ်ဝေးအိမ်သည်(သယ်)
ကမ္ဘာကျယ် သူခြေဆန့်
အပျှော်…အရှုံး…အလွမ်း…အမုန်း….
တွေ့ခဲ့ရ….မြင်ခဲ့ရ…
ခံစားခဲ့ နာရီတွေမှာ
လျှောက်ခဲ့တဲ့ လမ်းထက်
မျက်ရည်ကြိုးပျက် ဗလာအသိ
ပင်ကိုယ်…မူပိုင်…ရမ္မက်…
ဘ၀နဲ့ တူပေနာပေ ဇတ်အိမ်ဖွဲ့….။
မောလှပေါ့ ခံစားဘာသာ
မပီပြင်ရာ ဖမ်းဆုပ်
လမ်းမြေစ ဖိနပ်အခြေ
ဗိုက်ရပ်စ်….ပိုးမွှား…ကပ်ပါး..
နာရီ…ဂီတ…အနုပညာ…
(ကိုးကွယ်ရာ..)
လေအသင့် ပဆစ်အိမ်ထက်
တွန်းဖွဲ့ပေါ့ အစုအဝေး
(လရောင်နဲ့ နေရောင်ကြား..
တခါးတစ်ချပ် ခြား…)
လွဲမှားပေါ့ ဒီ ကြေးစည်
ကွဲအက်ကျ ဒီမြေအိုး
မီးလျှံကြားကို တိုး(တော့)
မရိုးနိုင်တဲ့ ငိုသံတွေက….
ဝေဦးပေါ့ တစ်ဘ၀…..။ ။
ကကြီး။([email protected])(6.7.11)11;30am
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းတယ် ဗျာ…….။