ငါ့ဆန္ဒ
မင်းအတွက်
ထီးတစ်ချောင်းမဟုတ်ပေမယ့်
ဦးထုပ်တစ်လုံးတော့ဖြစ်ချင်ခဲ့တယ်။
မင်းအတွက်
လတစ်စင်းမဟုတ်ပေမယ့်
ကြယ်တစ်လုံးတော့ဖြစ်ချင်ခဲ့တယ်။
မင်းအတွက်
အပျော်ဆုံးမဟုတ်ပေမယ့်
အမှတ်တရတော့ပေးချင်ခဲ့တယ်။
မင်းအတွက်
တန်ဖိုးမရှိပေမယ့်
အသုံးဝင်မှုတော့ပေးချင်ခဲ့တယ်။
မင်းအတွက်
မဖြေမှန်းသိပေမယ့်
မေးခွန်းတစ်ခုမေးချင်ခဲ့တယ်။
ပန်းသီးတစ်လုံးရဲ့ အရသာကို
နှစ်သက်တဲ့မင်း
သံပုရာသီးရဲ့အရသာကို မြည်းကြည့်ဖူးရဲ့လားလို့။
Comment #3
ကျေးဇူးပါ နှစ်ယောက်လုံး

Comment #4
i prefer lemon. 😛

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
kg par tal
arr pay nay par tal
kg par tal
arr pay nay par tal…….