Professional Authors

ရီးရွှေဒုတ်ငှက်

ရွှေလက်မ ကလေးခန့်လိုနှင့်
သေးအဟန့် ငယ်စွာ
တေးဒြန့် ဘယ်ညာ
ကျယ်ဆာဆာ မြည်ရင့်။

နက်ကျုတ်ကျုတ် ငှက်နုပ်ငယ်
ရွှက်အုပ်ကွယ် နားရှာလိုက်တင့်။

ဟန်နွှဲလို့ ပျံဝဲခုန်သည်
ကံနဲပုံမူနှင့်
သံကွဲစုံ ကျူရင့်လို့
ငူအမြင့် ဟေဝန်။

ညှိုးငယ်ငယ် ရိုးနယ်စဆီက
မျိုးနွယ်က ခွန်းဆင့်သံဝှန်။

မိုးလေဝ ဆန်းစလွန်သည်
လျှမ်းပမွန် ချိပ်ပန်းနှင့်
အိပ်တန်းဝင့် မြီးခြေလှုပ်လေ
ရီးရွှေဒုတ်ကေ။

ကျူးရင့်လို့ ထူးခွင့်ပွေသည်
ရူးသင့်ပေ မြင်တိုင်းပါ့လေး။   ။
(တေးထပ်)            ကွမ်းရေတော် မောင်မောင်ဖိုး။

In: ကဗျာ,Others Posted By: Date: Jul 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment