ကစားရွယ်
ရွှေစည်းပုံ သုံးအိမ်နှောပါလို့
မယ်ရောပ မောင်နှင့်ကွယ်။
ကြောက်ခမန်း
ညောင်နန်းမှာ ဝေလေလေပါ့
အထွေထွေ တစ္ဆေကိုမေးပါလို့
ပြေးတဲ့အရွယ်။
အင်းမနေ မြေမနင်းရယ်နဲ့
ခေါင်းခေါက်ရင်း ထိပ်ပုတ်တယ်
စိတ်လုပ်မယ်လို့ မကြံဖြစ်။
လသာသာ
ညခါမှာ ဖန်တို့လို့
တန်ကို့နော် မဆိုရဲရှာဘု
ကစားရွယ် ငယ်ကတဲက
စွဲတဲ့အချစ်။ ။
(လေးဆစ်) ဦးရဲဒင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service