မြင်းရိုင်း – နရီထက်
တောစပ်တစ်နေရာ စိမ်းလွင်ပြင်ကြောမှာ
မင်းကို စတွေ့ခဲ့တဲ့ နေ့
ငါ အပျော်ဆုံးပါ
ငွေအိုရောင် တိမ်ဆွတ်လွှာအရောင်နှင့်
ကဆုန်ပေါက် ပြေးလွှာနေတဲ့ကြားမှာ
မင်းကိုယ်လုံးပေါက်က လှပကြော့ရှင်းလို့ရယ်
မျက်ကော့လွှာကြား မျက်နက်တစ်စုံက
အဝေးထိ ထိုးပေါက်နိုင်လား
ဘေးဖက်ဝဲယာ လျင်မြန်လွန်းတဲ့ မျက်ရှင်ပါ
စီးတော်မြင်းကို ဒုံစိုင်းပြေးလို့
မင်းနောက်ကို အပြေးလိုက်ရတယ်
အမောဆို့မတတ်ရယ်
ကြော့ကွင်းကို လှုပ်ခါရမ်းလို့
ပစ်လွတ်လိုက်တဲ့အချိန်မှာ မင်းက တိမ်ရှောင်နိုင်တယ်
ဟီ.. သံလေး တစ်ချက် ထွက်လာပြန်သေးတယ်
ငါကို နောက်နေသေးတာလားကွယ်
ဒုတိယံမိ ကြော့ကွင်းက အပိုင်အနိုင်ပါ
မင်းကို ပိုင်ဆိုင်ခွင့်ရလိုက်တော့
ငါ့ အပြုံးတွေက ချွတ်ချမတတ်ရယ်
လက်မလွတ်စတန်း တင်းကြပ်ကိုင်လို့
မင်းကို အိမ်ခေါ်လာခဲ့တယ်
ငါ့ အိမ်သူတွေက မင်းအလှကို
အံ့သြနေရှာကြရတယ်
ခြံအတွင်း အတင်းမောင်းလို့
မင်းကို လွတ်သွင်းခဲ့တယ်
ဇတ်ကြော အသာသပ်လည်း
ငြင်းဆန်ချက်တွေက
ခြေခုန်ပေါက်လို့ မင်းက မာန်ဟီနေသေးတယ်
ဇတ်ကြိုးကို ဖေါက်သွင်းကိုင်လည်း
ငါကို မင်းကျောပေါ် တက်ခွင့်မပြုခဲ့ချေပြီး
ငါကို အကြိမ်ကြိမ်လဲကျအောင် လုပ်နေရှာပြီး
ခြေကို အားကုန်ပေါက်လို့
ငါကို ရန်သူကြီးတစ်ယောက်အလား ဆက်ဆံနေပြီး
အစာရေဆာ အငတ်ခံလို့ ဆန္ဒပြနေပြီးလား
ကလေးရယ် မင်းလေးရယ်
မျက်ဝန်းရှင်က ငါကို ကြည့်နေတုန်းပဲလား
သုံးရက်မြောက်သောနေ့
အစားအသောက်ကို မင်း မငြင်းရှာလေတယ်
ငါ ပျော်ခဲ့တယ်
မင်း စိတ်ညစ်တဲ့ဒဏ်ကို စွန့်နိုင်ပြီးမဟုတ်လား
ငွေအိုရောင် မြင်းဖြူလေးရယ်
ဇတ်ကြောကို သပ်တဲ့အခါ
အသာကြည်ဖြူ မင်း ခွင့်ပြုလေပြီး
ကျောခင်းပေါ် ငါကို ခြေချခွင့်ပြုလေပြီး
အဝေးဆုံးကို ခေါ်သွားမဲ့ အထာနှင့်
ငါကို အမြန်နှုန်းတွေနှင့်
ပြေးလွှားနေလိုက်တာ မော်ရမှန်း မသိရှာတယ်
မြင်းဖြူလေးရယ်
မင်းက အတော်ဆုံးပါ
သဘာဝအကျဆုံး အရည်အသွေးနှင့်ပါ
သာမန်ဘ၀တွေကြား
ငါ့ခြံထဲမှာ မင်းကို မထားချင်ပြီး
ကုန်သည်ပွဲစား အရှာသွင်းလို့
မင်းကို ငါ ရောင်းရခဲ့လေတယ်
မင်းအစွမ်းတွေကို ပြသနိုင်ဖို့ရယ်
အမြန်ဆုံး မြန်နှုန်းတွေနှင့်
ပြေးပြိုင်ပွဲမှာ အတော်ဆုံး ဖြစ်ရအောင်လို့
မင်းကို ငါ…
ပြိုင်မြင်းတစ်ကောင် အဖြစ် အသက်သွင်းလိုက်တာပါ
ငွေအိုရောင်မြင်းဖြူလေးရယ်…။ ။
နရီထက်
( ၂၀ ၊ ဂျူလိုင်လ ၊ ၂၀၁၁ )
Comment #2
ပုံပြင်းလေးတစ်ပှဒ် လိုပဲ ကဗျာ လေးက ဆန်းတယ်ပိးတော့ ခံစားချက်ပါတယ် ဥယာဉ်မူးတယောက် ရဲ့  ခံစားချက် ကိုထည့် ရေးထားတာ ဆိုတော့ ဖတ်ရတာတော်တော် အရသာရှိတယ် ကိုကြိး။ ဒါပေမဲ့ နောက်ဆုံးတော့ လည်း ဘယ်လောက်ကောင်းတဲ့ ဟာပဲဖြစ်ဖြစ်၊တော်တဲ့ ဟာပဲဖြစ်ဖြစ် ရောင်းချ၊အသုံးချခြင်းကိုနောက်ဆုံးတောခံရတာပဲလေ ကဗျာလေး အဓိပ္ပါယ်ကော၊အရေးအသားကော တော်တော်ကောင်းပါတယ် ကိုကြိး ခံစားချက်အပြည်နဲ့ ရေးထားတာ နဲတူတယ်။ ကြိုက်တယ်။
Comment #3
အားပေးသွားတယ်အကိုကြီးးးကဗျာလေးကအရမ်းကောင်းတယ်နော်…
Comment #4
အားပေးဖတ်ရှုကြတဲ့ ကဗျာ့ချစ်သူများအားလုံးကို ကျေးဇူးပါ။
Comment #1
မင်းက အတော်ဆုံးပါ
သဘာဝအကျဆုံး အရည်အသွေးနှင့်ပါ
သာမန်ဘ၀တွေကြား
ငါ့ခြံထဲမှာ မင်းကို မထားချင်ပြီး
ကုန်သည်ပွဲစား အရှာသွင်းလို့
မင်းကို ငါ ရောင်းရခဲ့လေတယ်
မင်းအစွမ်းတွေကို ပြသနိုင်ဖို့ရယ်