အလွမ်းခတ်သံ (မိုးထက်အောင်)
အလွမ်းခတ်သံ
(နွေခေါင်ခေါင်………)
ကြယ်တွေတစ်ကောင်ချင်း
ကျော့ကွင်းထောင်ပြီး ဖမ်းလိုက်တယ်
(ကျွန်တော်က…..)
မုဆိုးတစ်ပိုင်း..နှစ်ပိုင်း…
သုံး…လေး..ငါးပိုင်း….
…………………………
…….
(ကဲ………)
ရာဇ၀င်တွေလည်း ရိုင်းစေ
(ကဲ………)
ရာဇ၀င်တွေလည်း ရိုင်းစေ
လှိုင်းမကြောက် လေမကြောက်
ဒီပင်လယ်တစ်ဖက်ကမ်းမှာ
ပန်းပွင့်သံကြားရတိုင်း
ခရီးပြင်းစိုင်းခဲ့မိတဲ့သူ
ရင်ဘတ်တွေ နေလိုပူခဲ့တယ်
တိမ်တွေရဲ့မျက်နှာစာမှာ
အိမ်မက်တွေခြွေချဆုတ်ဖြဲ
(ဟောဒီ့ ရင်ဘတ်ကြီးလည်း…..)
ကွဲချင်သလိုသာ ကွဲနေပါစေတော့
(လူမသိ သူမသိ)
လမင်းရဲ့ သုံးရာ့ခြောက်ဆယ်ဒီဂရီမှာ ကျွန်တော်ရှိမယ်
ရင်ကွဲငှက်ရဲ့အိပ်တန်းပြန်လမ်းမှာ
အလွမ်းခတ်သံ သဲ့သဲ့လေးကြားနေရတယ်
(ဟော…..နားထောင်)
ဟိုးးးးးးအဝေးကြီးက
ကျွန်တော့်အလွမ်းခတ်သံ သဲ့သဲ့လေးကို….
……………………………………………………
ခင်ဗျား အမြဲတမ်းကြားနေရလိမ့်မယ်…………………။
မိုးထက်အောင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားတယ်နော်…..